ျပည္ခိုင္ၿဖိဳးပါတီ ေ႐ြးေကာက္ပြဲေၾကညာစာတမ္းရွင္းလင္းျခင္းႏွင့္ ေအာင္ႏိုင္ေရးအလံအပ္ႏွင္းပြဲအခမ္းအနားသို႔ အင္အား(၁၀၀၀၀)ေက်ာ္ တက္ေရာက္ (၁)

ျပည္ခိုင္ၿဖိဳးပါတီ ေ႐ြးေကာက္ပြဲေၾကညာစာတမ္းရွင္းလင္းျခင္းႏွင့္ ေအာင္ႏိုင္ေရးအလံအပ္ႏွင္းပြဲအခမ္းအနားသို႔ အင္အား(၁၀၀၀၀)ေက်ာ္ တက္ေရာက္
====================
ႏိုဝင္ဘာ ၂၀၊ ရန္ကုန္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ေ႐ြးေကာက္ပြဲေၾကညာစာတမ္းရွင္းလင္းျခင္းႏွင့္ ရန္ကုန္တိုင္းေဒသႀကီးပါတီသို႔ ေအာင္ႏိုင္ေရးအလံအပ္ႏွင္းျခင္းအခမ္းအနား ၁၉-၁၁-၂၀၂၅ ရက္ေန႔ ေန႔လည္ ၁ နာရီအခ်ိန္ ရန္ကုန္တိုင္းေဒသႀကီး၊ အမ်ိဳးသားအားကစားၿပိဳင္ပြဲ႐ုံ(၁)(သုဝဏၰ)တြင္ က်င္းပျပဳလုပ္ရာ ပါတီဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိမ္း၊ ဗဟိုအတြင္းေရးမႉး ဦးပိုက္ေထြး၊ ေဒါက္တာစန္းစန္းႏြယ္၊ ဗဟိုအလုပ္အမႈေဆာင္မ်ားျဖစ္ၾကသည့္ ဦးလွသိန္း၊ ဦးေမာင္ျမင့္၊ ေဒါက္တာေအာင္ျမတ္ဦး၊ ရန္ကုန္တိုင္းေဒသႀကီးပါတီဥကၠ႒ ဦးခင္ေမာင္စိုးႏွင့္ ေ႐ြးေကာက္ပြဲဝင္ေရာက္အေ႐ြးခ်ယ္ခံမည့္ လႊတ္ေတာ္အသီးသီးမွ ကိုယ္စားလွယ္ေလာင္းမ်ား၊ တိုင္းေဒသႀကီး/ခ႐ိုင္/ၿမိဳ႕နယ္ ပါတီတာဝန္ရွိသူမ်ား၊ ႏိုင္ငံေရးပါတီမ်ားမွ တာဝန္ရွိသူမ်ား၊ အႏုပညာရွင္မ်ား၊ ျပည္တြင္းျပည္ပ သတင္းမီဒီယာမ်ား၊ ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ား၊ မဲဆႏၵရွင္ျပည္သူမ်ား၊ ပါတီဝင္မ်ားႏွင့္ ပါတီဝန္းရံသူမ်ား စုစုေပါင္းအင္အား(၁၀၀၀၀)ေက်ာ္ တက္ေရာက္ခဲ့ၾကပါသည္။

ေ႐ြးေကာက္ပြဲေၾကညာစာတမ္းရွင္းလင္းျခင္းအခမ္းအနားကို အစီအစဥ္(၈)ရပ္ျဖင့္ က်င္းပျပဳလုပ္ရာ ပထမဦးစြာ အခမ္းအနားဖြင့္လွစ္ျခင္း၊ တက္ေရာက္လာသူအားလုံးက ႏိုင္ငံေတာ္အလံအား အေလးျပဳ၍ ႏိုင္ငံေတာ္သီခ်င္းသီဆိုျခင္း၊ အႏုပညာရွင္မ်ားက ေတးသီခ်င္မ်ား၊ ႐ိုးရာအကအလွမ်ားျဖင့္ ေဖ်ာ္ေျဖျခင္း၊ ရန္ကုန္တိုင္းေဒသႀကီးအတြင္း အမ်ိဳးသားလႊတ္ေတာ္၊ ျပည္သူ႔လႊတ္ေတာ္၊ တိုင္းေဒသႀကီးလႊတ္ေတာ္အသီးသီးတြင္ ပါတီကိုယ္စားျပဳဝင္ေရာက္ယွဥ္ၿပိဳင္အေ႐ြးခ်ယ္ခံၾကမည့္ ကိုယ္စားလွယ္ေလာင္းမ်ားအား မဲဆႏၵရွင္ျပည္သူမ်ားထံ မိတ္ဆက္အပ္ႏွင္းျခင္းတို႔အား အစီအစဥ္အလိုက္ ေဆာင္႐ြက္ခဲ့ပါသည္။

ဆက္လက္ၿပီး အစီအစဥ္အရ ပါတီဥကၠ႒ ဦးခင္ရီက ပါတီ၏ေ႐ြးေကာက္ပြဲေၾကညာစာတမ္းပါ အခ်က္မ်ားအား ရွင္းလင္းေဆြးေႏြးၿပီး အဓိကအခ်က္မ်ားျဖစ္သည့္ “ၿငိမ္းခ်မ္းေရး၊ လုံၿခဳံေရး၊ စီးပြားေရးက႑ႏွင့္ ကုန္ေဈးႏႈန္း၊ ဝန္ထမ္းမ်ားက႑၊ ပညာေရး၊ က်န္းမာေရး၊ လူငယ္၊ အမ်ိဳးသမီး၊ ေတာင္သူလယ္သမား၊ အလုပ္သမား၊ သယ္ယူပို႔ေဆာင္ေရးက႑မ်ားအား” အက်ယ္တဝံ့ရွင္းလင္းေဆြးေႏြးပါသည္။ ထို႔ေနာက္ ပါတီဥကၠ႒က “ထိုက႑မ်ားအား ေဆာင္႐ြက္ႏိုင္ရန္ မိမိတို႔ပါတီအား ယုံၾကည္စြာ မဲေပးေ႐ြးခ်ယ္ဖို႔လိုေၾကာင္း၊ မိမိတို႔ပါတီအႏိုင္ရရွိပါက ထိုက႑မ်ားကို သတ္မွတ္ထားေသာ ကာလမ်ားႏွင့္အညီ ေဆာင္႐ြက္သြားဖို႔ အာမခံေၾကာင္း၊ မိမိတို႔ပါတီဟာ အေတြ႕အႀကဳံရွိသူမ်ားစြာ ပညာတတ္မ်ားစြာ ရွိသည့္အတြက္ ဒီအာမခံခ်က္ က႑ေတြကို အေကာင္အထည္ေဖာ္ရာမွာ ခဲယဥ္းမႈမရွိေၾကာင္း ထပ္မံအာမခံေၾကာင္း၊ ၊ နိဂုံးခ်ဳပ္အေနျဖင့္ မိမိတို႔ပါတီကို ေ႐ြးခ်ယ္ပါ၊ ဆႏၵမဲေပးပါ၊ မိမိတို႔ပါတီဟာ ျပည္သူေတြအတြက္ ေက်ာခင္းထားပါေၾကာင္း မဲဆႏၵရွင္ေတြအေနနဲ႔ ကိုယ့္မ်ိဳးဆက္သစ္ေတြရဲ႕အနာဂတ္ပိုမိုလွပေတာက္ပေစဖို႔ ျပည္ခိုင္ၿဖိဳးပါတီက ခင္းထားေသာ ေက်ာေပၚကို ရဲရဲဝံ့ဝံ့ ေလွ်ာက္လွမ္းၿပီး ဆုပ္ကိုင္ပိုင္ဆိုင္ၾကပါလို႔” ဆက္လက္ေျပာၾကားပါသည္။

၎ေနာက္ ပါတီဥကၠ႒ ဦးခင္ရီက ရန္ကုန္တိုင္းေဒသႀကီး ပါတီဥကၠ႒ ဦးခင္ေမာင္စိုးႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားထံသို႔ ေအာင္ႏိုင္ေရးအလံအပ္ႏွင္းၿပီး တက္ေရာက္လာသူအားလုံးႏွင့္ “ျပည္ခိုင္ၿဖိဳးပါတီ ႏိုင္ရမည္”ေႂကြးေၾကာ္သံအား တခဲနက္ေႂကြးေၾကာ္ခဲ့ပါသည္။ ထို႔ေနာက္ နိဂုံးခ်ဳပ္အစီအစဥ္ျဖစ္သည့္ “ပိုမိုခိုင္မာျပည္ျမန္မာ အနာဂတ္ေရာင္ျခည္” သီခ်င္းသံၿပိဳင္သီဆို၍ ေ႐ြးေကာက္ပြဲေၾကညာစာတမ္းရွင္းလင္းျခင္းႏွင့္ ေအာင္ႏိုင္ေရးအလံအပ္ႏွင္းျခင္းအခမ္းအနားအား ေအာင္ျမင္စြာ ႐ုတ္သိမ္းခဲ့ေၾကာင္း သတင္းရရွိပါသည္။


ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲကြေညာစာတမ်းရှင်းလင်းခြင်းနှင့် အောင်နိုင်ရေးအလံအပ်နှင်းပွဲအခမ်းအနားသို့ အင်အား(၁၀၀၀၀)ကျော် တက်ရောက်
====================
နိုဝင်ဘာ ၂၀၊ ရန်ကုန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ပွဲကြေညာစာတမ်းရှင်းလင်းခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီးပါတီသို့ အောင်နိုင်ရေးအလံအပ်နှင်းခြင်းအခမ်းအနား ၁၉-၁၁-၂၀၂၅ ရက်နေ့ နေ့လည် ၁ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)(သုဝဏ္ဏ)တွင် ကျင်းပပြုလုပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးလှထွန်း၊ ဦးမျိုးဇော်သိမ်း၊ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဒေါက်တာစန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးလှသိန်း၊ ဦးမောင်မြင့်၊ ဒေါက်တာအောင်မြတ်ဦး၊ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ရွေးကောက်ပွဲဝင်ရောက်အရွေးချယ်ခံမည့် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်လောင်းများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပါတီတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ အနုပညာရှင်များ၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မဲဆန္ဒရှင်ပြည်သူများ၊ ပါတီဝင်များနှင့် ပါတီဝန်းရံသူများ စုစုပေါင်းအင်အား(၁၀၀၀၀)ကျော် တက်ရောက်ခဲ့ကြပါသည်။

ရွေးကောက်ပွဲကြေညာစာတမ်းရှင်းလင်းခြင်းအခမ်းအနားကို အစီအစဉ်(၈)ရပ်ဖြင့် ကျင်းပပြုလုပ်ရာ ပထမဦးစွာ အခမ်းအနားဖွင့်လှစ်ခြင်း၊ တက်ရောက်လာသူအားလုံးက နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုခြင်း၊ အနုပညာရှင်များက တေးသီချင်များ၊ ရိုးရာအကအလှများဖြင့် ဖျော်ဖြေခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်အသီးသီးတွင် ပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံကြမည့် ကိုယ်စားလှယ်လောင်းများအား မဲဆန္ဒရှင်ပြည်သူများထံ မိတ်ဆက်အပ်နှင်းခြင်းတို့အား အစီအစဉ်အလိုက် ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်ပြီး အစီအစဉ်အရ ပါတီဥက္ကဋ္ဌ ဦးခင်ရီက ပါတီ၏ရွေးကောက်ပွဲကြေညာစာတမ်းပါ အချက်များအား ရှင်းလင်းဆွေးနွေးပြီး အဓိကအချက်များဖြစ်သည့် “ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ စီးပွားရေးကဏ္ဍနှင့် ကုန်ဈေးနှုန်း၊ ဝန်ထမ်းများကဏ္ဍ၊ ပညာရေး၊ ကျန်းမာရေး၊ လူငယ်၊ အမျိုးသမီး၊ တောင်သူလယ်သမား၊ အလုပ်သမား၊ သယ်ယူပို့ဆောင်ရေးကဏ္ဍများအား” အကျယ်တဝံ့ရှင်းလင်းဆွေးနွေးပါသည်။ ထို့နောက် ပါတီဥက္ကဋ္ဌက “ထိုကဏ္ဍများအား ဆောင်ရွက်နိုင်ရန် မိမိတို့ပါတီအား ယုံကြည်စွာ မဲပေးရွေးချယ်ဖို့လိုကြောင်း၊ မိမိတို့ပါတီအနိုင်ရရှိပါက ထိုကဏ္ဍများကို သတ်မှတ်ထားသော ကာလများနှင့်အညီ ဆောင်ရွက်သွားဖို့ အာမခံကြောင်း၊ မိမိတို့ပါတီဟာ အတွေ့အကြုံရှိသူများစွာ ပညာတတ်များစွာ ရှိသည့်အတွက် ဒီအာမခံချက် ကဏ္ဍတွေကို အကောင်အထည်ဖော်ရာမှာ ခဲယဉ်းမှုမရှိကြောင်း ထပ်မံအာမခံကြောင်း၊ ၊ နိဂုံးချုပ်အနေဖြင့် မိမိတို့ပါတီကို ရွေးချယ်ပါ၊ ဆန္ဒမဲပေးပါ၊ မိမိတို့ပါတီဟာ ပြည်သူတွေအတွက် ကျောခင်းထားပါကြောင်း မဲဆန္ဒရှင်တွေအနေနဲ့ ကိုယ့်မျိုးဆက်သစ်တွေရဲ့အနာဂတ်ပိုမိုလှပတောက်ပစေဖို့ ပြည်ခိုင်ဖြိုးပါတီက ခင်းထားသော ကျောပေါ်ကို ရဲရဲဝံ့ဝံ့ လျှောက်လှမ်းပြီး ဆုပ်ကိုင်ပိုင်ဆိုင်ကြပါလို့” ဆက်လက်ပြောကြားပါသည်။

၎င်းနောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီက ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများထံသို့ အောင်နိုင်ရေးအလံအပ်နှင်းပြီး တက်ရောက်လာသူအားလုံးနှင့် “ပြည်ခိုင်ဖြိုးပါတီ နိုင်ရမည်”ကြွေးကြော်သံအား တခဲနက်ကြွေးကြော်ခဲ့ပါသည်။ ထို့နောက် နိဂုံးချုပ်အစီအစဉ်ဖြစ်သည့် “ပိုမိုခိုင်မာပြည်မြန်မာ အနာဂတ်ရောင်ခြည်” သီချင်းသံပြိုင်သီဆို၍ ရွေးကောက်ပွဲကြေညာစာတမ်းရှင်းလင်းခြင်းနှင့် အောင်နိုင်ရေးအလံအပ်နှင်းခြင်းအခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။