ေ႐ြးေကာက္ပြဲကို ပ်က္ေအာင္ ဖ်က္ဆီးတာကမိဘျပည္သူေတြရဲ႕ အခြင့္အေရးကို ဖ်က္ဆီးတာလို႔ ျပည္သူလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းဦးေသာင္းေအးေျပာ

ေ႐ြးေကာက္ပြဲကို ပ်က္ေအာင္ ဖ်က္ဆီးတာကမိဘျပည္သူေတြရဲ႕ အခြင့္အေရးကို ဖ်က္ဆီးတာလို႔ ျပည္သူလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းဦးေသာင္းေအးေျပာ
====================
၁၉.၁၁.၂၀၂၅၊
ေ႐ြးေကာက္ပြဲကို မျဖစ္ေျမာက္ေအာင္၊ ေ႐ြးေကာက္ပြဲကို ပ်က္ေအာင္ မ်ိဳးစုံေျပာေနၾကဟာ ကြၽန္ေတာ္တို႔ မိဘျပည္သူေတြရဲ႕ အခြင့္အေရးကို ဖ်က္ဆီးတာနဲ႔အတူတူဘဲလို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းဦးေသာင္းေအးက ေျပာပါတယ္။
“ေ႐ြးေကာက္ပြဲဟာ ကြၽန္ေတာ္တို႔ ျပည္သူေတြအတြက္ ျဖစ္တယ္။ ဒါကို ကြၽန္ေတာ္တို႔ နားလည္ရမယ္။ ဒါေၾကာင့္မလို႔ ဒီေ႐ြးေကာက္ပြဲကို ပ်က္ေအာင္ ဖ်က္တာ၊ ကြၽန္ေတာ္တို႔ မိဘျပည္သူေတြရဲ႕ အခြင့္အေရးကို ဖ်က္တာနဲ႔ မတူဘူးလား။ ဒီလို နားလည္ေပးဖို႔ လိုပါတယ္။ သူမ်ားေတြ ေျပာေနတာေတြ ကြၽန္ေတာ္တို႔က နားမေယာင္ပါနဲ႔။ ကြၽန္ေတာ္ အမွန္တရားကိုပဲ ေျပာတာပါ။ ဒါ မဲဆြယ္တာလည္း မဟုတ္ဘူး။ ရွင္းျပတာ။ အဲ့ေတာ့ ကြၽန္ေတာ္တို႔သည္ ေ႐ြးေကာက္ပြဲကို ေအာင္ျမင္ေအာင္လို႔ လုပ္ကို လုပ္ရမယ္”လို႔ ဦးေသာင္းေအးက ေျပာပါတယ္။
ဒီကေန႔ေပ်ာ္ဘြယ္ၿမိဳ႕နယ္မွာရွိတဲ့ မိုးေကာင္းေက်း႐ြာနဲ႔ေနာင္ခြင္ေက်း႐ြာေတြက မဲဆႏၵရွင္ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့တာျဖစ္ပါတယ္။
ဦးေသာင္းေအးကပဲ” ေ႐ြးေကာက္ပြဲကို ပ်က္ေအာင္ မ်ိဳးစုံေျပာေနၾကတယ္။ စစ္တပ္က လုပ္တဲ့ေ႐ြးေကာက္ပြဲ တရားမွာ မဟုတ္ဘူး။ မတရားဘူး။ မင္းတို႔သြားၿပီးေတာ့ မဲမေပးၾကနဲ႔လို႔ ဝိုင္းၿပီးေတာ့ ေျပာေနၾကတာေတြရွိတယ္။ အဲ့တာေတြဟာ မနာလိုလို႔ ကြၽန္ေတာ္တို႔ကို ပ်က္စီးရာ ပ်က္စီးေၾကာင္း ျဖစ္ေအာင္လို႔ ေျပာတာပဲ။ တကယ့္တကယ္ေတာ့ ေ႐ြးေကာက္ပြဲလုပ္တယ္ဆိုတာ ဘယ္သူ႔အတြက္လည္း ဆိုေတာ့ ျပည္သူေတြအတြက္။ အခု ဒီျပည္သူေတြ အပါအဝင္ ျပည္သူတစ္ရပ္လုံးအတြက္ ေ႐ြးေကာက္ပြဲ လုပ္တာလို႔ ေျပာပါတယ္။
အခုအခါမွာ ေ႐ြးေကာက္ပြဲႀကီးကို ပ်က္စီးေအာင္ ဖ်က္ဆီးဖို႔ လုပ္ေနတဲ့လူေတြရဲ႕ အႏၲရာယ္ကေန ကာကြယ္ဖို႔ ဥပေဒကို ထုတ္ေပးထားတယ္လို႔ ဆိုပါတယ္။
“ေ႐ြးေကာက္ပြဲပ်က္ေအာင္ လုပ္တဲ့သူ၊ ပါးစပ္နဲ႔ ေျပာတာျဖစ္ျဖစ္၊ လက္နဲ႔ လုပ္တာျဖစ္ျဖစ္၊ ကိုယ္စားလွယ္ေတြကို ၿခိမ္း‌ေျခာက္တာပဲ ျဖစ္ျဖစ္၊ ျပည္သူလူထုကို မဲသြားမေပးနဲ႔လို႔ေျပာတာပဲ ျဖစ္ျဖစ္၊ သူ႔ရဲ႕ လုပ္ေဆာင္ခ်က္အေပၚ မူတည္ၿပီးေတာ့ ျပစ္ဒဏ္သည္ ေသဒဏ္အထိ ရွိတယ္” လို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေသာင္းေအးက ‌ေျပာပါတယ္။


ရွေးကောက်ပွဲကို ပျက်အောင် ဖျက်ဆီးတာကမိဘပြည်သူတွေရဲ့ အခွင့်အရေးကို ဖျက်ဆီးတာလို့ ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်းဦးသောင်းအေးပြော
====================
၁၉.၁၁.၂၀၂၅၊
ရွေးကောက်ပွဲကို မဖြစ်မြောက်အောင်၊ ရွေးကောက်ပွဲကို ပျက်အောင် မျိုးစုံပြောနေကြဟာ ကျွန်တော်တို့ မိဘပြည်သူတွေရဲ့ အခွင့်အရေးကို ဖျက်ဆီးတာနဲ့အတူတူဘဲလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးသောင်းအေးက ပြောပါတယ်။
“ရွေးကောက်ပွဲဟာ ကျွန်တော်တို့ ပြည်သူတွေအတွက် ဖြစ်တယ်။ ဒါကို ကျွန်တော်တို့ နားလည်ရမယ်။ ဒါကြောင့်မလို့ ဒီရွေးကောက်ပွဲကို ပျက်အောင် ဖျက်တာ၊ ကျွန်တော်တို့ မိဘပြည်သူတွေရဲ့ အခွင့်အရေးကို ဖျက်တာနဲ့ မတူဘူးလား။ ဒီလို နားလည်ပေးဖို့ လိုပါတယ်။ သူများတွေ ပြောနေတာတွေ ကျွန်တော်တို့က နားမယောင်ပါနဲ့။ ကျွန်တော် အမှန်တရားကိုပဲ ပြောတာပါ။ ဒါ မဲဆွယ်တာလည်း မဟုတ်ဘူး။ ရှင်းပြတာ။ အဲ့တော့ ကျွန်တော်တို့သည် ရွေးကောက်ပွဲကို အောင်မြင်အောင်လို့ လုပ်ကို လုပ်ရမယ်”လို့ ဦးသောင်းအေးက ပြောပါတယ်။
ဒီကနေ့ပျော်ဘွယ်မြို့နယ်မှာရှိတဲ့ မိုးကောင်းကျေးရွာနဲ့နောင်ခွင်ကျေးရွာတွေက မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ဦးသောင်းအေးကပဲ” ရွေးကောက်ပွဲကို ပျက်အောင် မျိုးစုံပြောနေကြတယ်။ စစ်တပ်က လုပ်တဲ့ရွေးကောက်ပွဲ တရားမှာ မဟုတ်ဘူး။ မတရားဘူး။ မင်းတို့သွားပြီးတော့ မဲမပေးကြနဲ့လို့ ဝိုင်းပြီးတော့ ပြောနေကြတာတွေရှိတယ်။ အဲ့တာတွေဟာ မနာလိုလို့ ကျွန်တော်တို့ကို ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်အောင်လို့ ပြောတာပဲ။ တကယ့်တကယ်တော့ ရွေးကောက်ပွဲလုပ်တယ်ဆိုတာ ဘယ်သူ့အတွက်လည်း ဆိုတော့ ပြည်သူတွေအတွက်။ အခု ဒီပြည်သူတွေ အပါအဝင် ပြည်သူတစ်ရပ်လုံးအတွက် ရွေးကောက်ပွဲ လုပ်တာလို့ ပြောပါတယ်။
အခုအခါမှာ ရွေးကောက်ပွဲကြီးကို ပျက်စီးအောင် ဖျက်ဆီးဖို့ လုပ်နေတဲ့လူတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ ဥပဒေကို ထုတ်ပေးထားတယ်လို့ ဆိုပါတယ်။
“ရွေးကောက်ပွဲပျက်အောင် လုပ်တဲ့သူ၊ ပါးစပ်နဲ့ ပြောတာဖြစ်ဖြစ်၊ လက်နဲ့ လုပ်တာဖြစ်ဖြစ်၊ ကိုယ်စားလှယ်တွေကို ခြိမ်း‌ခြောက်တာပဲ ဖြစ်ဖြစ်၊ ပြည်သူလူထုကို မဲသွားမပေးနဲ့လို့ပြောတာပဲ ဖြစ်ဖြစ်၊ သူ့ရဲ့ လုပ်ဆောင်ချက်အပေါ် မူတည်ပြီးတော့ ပြစ်ဒဏ်သည် သေဒဏ်အထိ ရှိတယ်” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက ‌ပြောပါတယ်။