တ႐ုတ္ႏွင့္ဂ်ပန္တို႔ၾကား ဆက္ဆံေရးတင္းမာေနစဥ္ အေမရိကန္က ဂ်ပန္ရွိဒုံးက်ည္စနစ္တစ္ခုကို ျပန္လည္ျဖဳတ္သိမ္း

တ႐ုတ္ႏွင့္ဂ်ပန္တို႔ၾကား ဆက္ဆံေရးတင္းမာေနစဥ္ အေမရိကန္က ဂ်ပန္ရွိဒုံးက်ည္စနစ္တစ္ခုကို ျပန္လည္ျဖဳတ္သိမ္း
=================
ဂ်ပန္ႏိုင္ငံဝန္ႀကီးခ်ဳပ္ ဆာနာအီတာကာအီခ်ီက ထိုင္ဝမ္ကြၽန္းႏွင့္ပတ္သက္၍ မွတ္ခ်က္ျပဳေျပာဆိုမႈ တစ္ခုေၾကာင့္ တ႐ုတ္ႏိုင္ငံႏွင့္ ဂ်ပန္ႏိုင္ငံတို႔ၾကား ဆက္ဆံေရးတင္းမာမႈ ျမင့္တက္ေနစဥ္ အေမရိကန္က ဂ်ပန္ႏိုင္ငံ၌ ျဖန႔္ၾကက္ထားေသာ ဒုံးက်ည္စနစ္တစ္ခုကို ျပန္လည္ျဖဳတ္သိမ္းလိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

အေမရိကန္ၾကည္းတပ္က ယာမာဂူခ်ီစီရင္စုရွိ အီဝါကူနီအေျခစိုက္စခန္း၌ ျဖန္႔ၾကက္ထားေသာ Typhon အမ်ိဳးအစား ဒုံးက်ည္စနစ္ကို ျဖဳတ္သိမ္းထားၿပီးျဖစ္ေၾကာင္း ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

ယင္းဒုံးက်ည္စနစ္သည္ Tomahawk အမ်ိဳးအစား ေျမျပင္တိုက္ခိုက္ေရး အနိမ့္ပ်ံဒုံးက်ည္မ်ားႏွင့္ SM-6 ေလေၾကာင္းရန္ကာကြယ္ေရးဒုံးက်ည္မ်ားကို မိုင္ ၁၀၀၀ေက်ာ္ အကြာအေဝးအထိ ေရာက္ရွိေအာင္ ပစ္ခတ္ႏိုင္ေသာေၾကာင့္ တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္းရွိ ၿမိဳ႕ႀကီးမ်ားအထိပင္ ေရာက္ရွိႏိုင္သည္။

အေမရိကန္ႏွင့္ဂ်ပန္တို႔၏ ပူးတြဲစစ္ေရးေလ့က်င့္မႈအတြက္ ထိုဒုံးက်ည္စနစ္ကို ျဖန႔္ၾကက္ျခင္းျဖစ္ေသာ္လည္း စစ္ေရးေလ့က်င့္ခန္းၿပီးသည့္တိုင္ သီတင္းပတ္အနည္းငယ္ၾကာသည္အထိ ဆက္လက္ထားရွိခဲ့ျခင္းျဖစ္ၿပီး ယခုကဲ့သို႔ တ႐ုတ္ႏိုင္ငံႏွင့္ဂ်ပန္ႏိုင္ငံတို႔ၾကား ဆက္ဆံေရးတင္းမာလာစဥ္မွာပင္ ယင္းစနစ္ကို ျဖဳတ္သိမ္းလိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

Ref: SCMP


တရုတ်နှင့်ဂျပန်တို့ကြား ဆက်ဆံရေးတင်းမာနေစဉ် အမေရိကန်က ဂျပန်ရှိဒုံးကျည်စနစ်တစ်ခုကို ပြန်လည်ဖြုတ်သိမ်း
=================
ဂျပန်နိုင်ငံဝန်ကြီးချုပ် ဆာနာအီတာကာအီချီက ထိုင်ဝမ်ကျွန်းနှင့်ပတ်သက်၍ မှတ်ချက်ပြုပြောဆိုမှု တစ်ခုကြောင့် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ကြား ဆက်ဆံရေးတင်းမာမှု မြင့်တက်နေစဉ် အမေရိကန်က ဂျပန်နိုင်ငံ၌ ဖြန့်ကြက်ထားသော ဒုံးကျည်စနစ်တစ်ခုကို ပြန်လည်ဖြုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

အမေရိကန်ကြည်းတပ်က ယာမာဂူချီစီရင်စုရှိ အီဝါကူနီအခြေစိုက်စခန်း၌ ဖြန့်ကြက်ထားသော Typhon အမျိုးအစား ဒုံးကျည်စနစ်ကို ဖြုတ်သိမ်းထားပြီးဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းဒုံးကျည်စနစ်သည် Tomahawk အမျိုးအစား မြေပြင်တိုက်ခိုက်ရေး အနိမ့်ပျံဒုံးကျည်များနှင့် SM-6 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များကို မိုင် ၁၀၀၀ကျော် အကွာအဝေးအထိ ရောက်ရှိအောင် ပစ်ခတ်နိုင်သောကြောင့် တရုတ်နိုင်ငံအရှေ့ပိုင်းရှိ မြို့ကြီးများအထိပင် ရောက်ရှိနိုင်သည်။

အမေရိကန်နှင့်ဂျပန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် ထိုဒုံးကျည်စနစ်ကို ဖြန့်ကြက်ခြင်းဖြစ်သော်လည်း စစ်ရေးလေ့ကျင့်ခန်းပြီးသည့်တိုင် သီတင်းပတ်အနည်းငယ်ကြာသည်အထိ ဆက်လက်ထားရှိခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ တရုတ်နိုင်ငံနှင့်ဂျပန်နိုင်ငံတို့ကြား ဆက်ဆံရေးတင်းမာလာစဉ်မှာပင် ယင်းစနစ်ကို ဖြုတ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

Ref: SCMP