ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ဖလား ေဘာလုံးၿပိဳင္ပြဲ ဗိုလ္လုပြဲက်င္းပ





ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ဖလား ေဘာလုံးၿပိဳင္ပြဲ ဗိုလ္လုပြဲက်င္းပ
============
ႏိုဝင္ဘာ ၁၈၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ေဇယ်ာသီရိမဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးခင္ရီႏွင့္အတူ အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္ အမွတ္(၆) ကိုယ္စားလွယ္ေလာင္း ဦးတင္ဦးလြင္၊ ျပည္ေထာင္စုနယ္ေျမပါတီဥကၠ႒ ၁၈ – ၁၁ – ၂၀၂၅ ရက္ေန႔ ေန႔လည္ ၃ နာရီအခ်ိန္တြင္ ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္ ေဇယ်ာသီရိၿမိဳနယ္ က်ည္ေတာင္အုပ္စု စည္ပင္သာယာေဘာလုံးကြင္း၌ က်င္းပျပဳလုပ္သည့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ဥကၠ႒ဖလား ေဘာလုံးၿပိဳင္ပြဲ ဗိုလ္လုပြဲႏွင့္ဆုခ်ီးျမႇင့္ပြဲအခမ္းအနားသို တက္ေရာက္အားေပး ခ်ီးျမႇင့္ခဲ့ၾကပါသည္။
ပါတီဥကၠ႒ႏွင့္တာဝန္ရွိသူမ်ားသည္ ဗိုလ္လုပြဲစဥ္ျဖစ္ေသာ သက္ႏွင္းအင္းေက်း႐ြာအုပ္စု ကိုယ္စားျပဳအသင္းႏွင့္ ေရဆင္းေက်း႐ြာအုပ္စု ကိုယ္စားျပဳအသင္းတို၏ ယွဥ္ၿပိဳင္ကစားေနမႈအားၾကည့္ရႈအားေပးခဲ့ရာ သက္ႏွင္းအင္းေက်း႐ြာအုပ္စု ကိုယ္ျပဳအသင္းမွ ၂ ဂိုး၊ေရဆင္းေက်း႐ြာအုပ္စု ကိုယ္စားျပဳအသင္းမွ ၀ ဂိုးျဖင့္ သက္ႏွင္းအင္းေက်း႐ြာအုပ္စုကိုယ္စားျပဳအသင္းမွအႏိုင္ရရွိခဲ့ၿပီး တတိယဆုရအား စည္ပင္ႀကီးေက်း႐ြာအုပ္စုကိုယ္စားျပဳအသင္းမွ ရရွိခဲ့ၾကပါသည္။
ဗိုလ္လုပြဲအၿပီးတြင္ ဆုခ်ီးျမႇင့္အခမ္းအနားအား ဆက္လက္က်င္းပရာ တတိယဆုရရွိေသာ စည္ပင္ႀကီးအုပ္စုကိုယ္စားျပဳအသင္းအား ဆုေငြ ၅၀၀,၀၀၀ က်ပ္၊ ဒုတိယဆုရရွိေသာ ေရဆင္းေက်း႐ြာအုပ္စုကိုယ္စားျပဳအသင္းအား တစ္ဦးခ်င္းဆုတံဆိပ္ႏွင့္ေငြသားဆု ၇၀၀၀၀၀ က်ပ္၊ ပထမဆုရရွိေသာ သက္ႏွင္းအင္းေက်း႐ြာကိုယ္စားျပဳအသင္းအား တစ္ဦးခ်င္းဆုတံဆိပ္ႏွင့္ေငြသားဆု ၁၀၀၀၀၀၀ က်ပ္အားဆုမ်ားအသီးသီးခ်ီးျမႇင့္ခဲ့ပါသည္။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ
============
နိုဝင်ဘာ ၁၈၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဇေယျာသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီနှင့်အတူ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၆) ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင်၊ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ၁၈ – ၁၁ – ၂၀၂၅ ရက်နေ့ နေ့လည် ၃ နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြိုနယ် ကျည်တောင်အုပ်စု စည်ပင်သာယာဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားသို တက်ရောက်အားပေး ချီးမြှင့်ခဲ့ကြပါသည်။
ပါတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ဗိုလ်လုပွဲစဥ်ဖြစ်သော သက်နှင်းအင်းကျေးရွာအုပ်စု ကိုယ်စားပြုအသင်းနှင့် ရေဆင်းကျေးရွာအုပ်စု ကိုယ်စားပြုအသင်းတို၏ ယှဉ်ပြိုင်ကစားနေမှုအားကြည့်ရှုအားပေးခဲ့ရာ သက်နှင်းအင်းကျေးရွာအုပ်စု ကိုယ်ပြုအသင်းမှ ၂ ဂိုး၊ရေဆင်းကျေးရွာအုပ်စု ကိုယ်စားပြုအသင်းမှ ၀ ဂိုးဖြင့် သက်နှင်းအင်းကျေးရွာအုပ်စုကိုယ်စားပြုအသင်းမှအနိုင်ရရှိခဲ့ပြီး တတိယဆုရအား စည်ပင်ကြီးကျေးရွာအုပ်စုကိုယ်စားပြုအသင်းမှ ရရှိခဲ့ကြပါသည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်အခမ်းအနားအား ဆက်လက်ကျင်းပရာ တတိယဆုရရှိသော စည်ပင်ကြီးအုပ်စုကိုယ်စားပြုအသင်းအား ဆုငွေ ၅၀၀,၀၀၀ ကျပ်၊ ဒုတိယဆုရရှိသော ရေဆင်းကျေးရွာအုပ်စုကိုယ်စားပြုအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု ၇၀၀၀၀၀ ကျပ်၊ ပထမဆုရရှိသော သက်နှင်းအင်းကျေးရွာကိုယ်စားပြုအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု ၁၀၀၀၀၀၀ ကျပ်အားဆုများအသီးသီးချီးမြှင့်ခဲ့ပါသည်။




