
=======================





(၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ရွှေတံဆိပ် (၁) ခု အပါအဝင် ဆုတံဆိပ် (၅) ခုဆွတ်ခူး
=======================
အင်ဒိုနီးရှားနိုင်ငံ၊ ဘန်တန်ကျွန်းတွင် နိုဝင်ဘာလ ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့သည့် (၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲမှ ရွှေတံဆိပ် (၁) ခု အပါအဝင် ဆုတံဆိပ် (၅) ခုဆွတ်ခူးထားကြောင်း သိရသည်။

ပြိုင်ပွဲ၏ Men’s Bodybuilding 75 kg တန်းပြိုင်ပွဲ၌ မြန်မာအားကစားသမား ရဲထွန်းနောင်က နိုင်ငံပေါင်း (၇) နိုင်ငံမှ အားကစားသမား ၈ ဦးနှင့်အတူ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီးနောက် ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် Men’s Bodybuilding 80 kg တန်းပြိုင်ပွဲ၌ ချမ်းမြေ့ထွန်းက ငွေတံဆိပ်၊ Women’s Swimsuit Model Physique over 165 cm ပြိုင်ပွဲ၌ ဇူးဇူးသန့်က ငွေတံဆိပ်၊ Women’s Model Physique up to 160 cm ပြိုင်ပွဲ၌ နီနီအောင်က ကြေးတံဆိပ်၊ Women’s Swimsuit Model Physique over 170 cm ပြိုင်ပွဲ၌ ဇူးဇူးသန့်က ကြေးတံဆိပ်တိုကို ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲချုပ် ဥက္ကဋ္ဌ ရန်ကုန်ဒုတိယမြို့တော်ဝန် ဦးညီညီ ဦးဆောင်၍ အားကစားသမား ၄ ဦးတို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။