ၿဗိတိန္ႏိုင္ငံရွိ ဒုကၡသည္မ်ားအားလုံး မူလႏိုင္ငံမ်ားသို႔ ျပန္သြားရမည္

ၿဗိတိန္ႏိုင္ငံရွိ ဒုကၡသည္မ်ားအားလုံး မူလႏိုင္ငံမ်ားသို႔ ျပန္သြားရမည္
==============================
ၿဗိတိန္ႏိုင္ငံ၌ အိမ္ရာထူေထာင္ထားသည့္ ဒုကၡသည္မ်ားအပါအဝင္ ဒုကၡသည္မ်ားအားလုံး အေနျဖင့္ ၎တို႔၏မူလႏိုင္ငံမ်ားက ေဘးကင္းစိတ္ခ်ရမႈရွိသည့္ အခ်ိန္တြင္ ထိုႏိုင္ငံမ်ားသို႔မျဖစ္မေန ျပန္သြားရမည္ျဖစ္ေၾကာင္း ၿဗိတိန္ျပည္ထဲေရးဝန္ႀကီးကေျပာသည္။

လက္ရွိတြင္ ၿဗိတိန္ႏိုင္ငံ၌ ဒုကၡသည္မ်ားကို ခိုလႈံခြင့္ေပးေရးစနစ္သည္ ထိန္းမႏိုင္သိမ္းမရျဖစ္ေနေၾကာင္း၊ ထို႔ေၾကာင့္ အဆိုပါစနစ္ႀကီးတစ္ခုလုံးကို ေျပာင္းလဲရမည္ျဖစ္ေၾကာင္းႏွင့္ ထိုသို႔ေျပာင္းလဲမႈ၏ တစ္စိတ္တစ္ပိုင္းအျဖစ္ ခိုလႈံခြင့္ေတာင္းခံသူမ်ားကို အၿမဲတမ္းဒုကၡသည္မ်ားအျဖစ္ သတ္မွတ္မႈ ရွိေတာ့မည္မဟုတ္ေၾကာင္း ျပည္ထဲေရးဝန္ႀကီး ရွာဘားနာမာမုက ႏိုဝင္ဘာလ ၁၆ရက္တြင္ေျပာသည္။

ၿဗိတိန္ႏိုင္ငံသည္ ႏိုင္ငံအတြင္းသို႔ နည္းလမ္းအမ်ိဳးမ်ိဳးျဖင့္ေရာက္ရွိလာသည့္ မည္သို႔ေသာဒုကၡသည္ကိုမဆို ငါးႏွစ္ေနထိုင္ခြင့္ေပးထားသည့္အျပင္ ထိုငါးႏွစ္ေနာက္ပိုင္းတြင္လည္း ဒုကၡသည္မ်ားအေနျဖင့္ ၿဗိတိန္ႏိုင္ငံသားအျဖစ္ ေလွ်ာက္ထားရန္ အခြင့္အေရးေပးထားသည္။ Daily Mail သတင္းဌာန၏ ထုတ္ျပန္ခ်က္အရ ၿဗိတိန္ႏိုင္ငံရွိ ျပည္ပႏိုင္ငံသား ရာဇဝတ္သားမ်ားသည္ ေတာင္းပန္႐ုံျဖင့္ ျပစ္မႈမွလြတ္ေျမာက္ခြင့္ ရရွိေနေၾကာင္း သိရသည္။


ဗြိတိန်နိုင်ငံရှိ ဒုက္ခသည်များအားလုံး မူလနိုင်ငံများသို့ ပြန်သွားရမည်
==============================
ဗြိတိန်နိုင်ငံ၌ အိမ်ရာထူထောင်ထားသည့် ဒုက္ခသည်များအပါအဝင် ဒုက္ခသည်များအားလုံး အနေဖြင့် ၎င်းတို့၏မူလနိုင်ငံများက ဘေးကင်းစိတ်ချရမှုရှိသည့် အချိန်တွင် ထိုနိုင်ငံများသို့မဖြစ်မနေ ပြန်သွားရမည်ဖြစ်ကြောင်း ဗြိတိန်ပြည်ထဲရေးဝန်ကြီးကပြောသည်။

လက်ရှိတွင် ဗြိတိန်နိုင်ငံ၌ ဒုက္ခသည်များကို ခိုလှုံခွင့်ပေးရေးစနစ်သည် ထိန်းမနိုင်သိမ်းမရဖြစ်နေကြောင်း၊ ထို့ကြောင့် အဆိုပါစနစ်ကြီးတစ်ခုလုံးကို ပြောင်းလဲရမည်ဖြစ်ကြောင်းနှင့် ထိုသို့ပြောင်းလဲမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ခိုလှုံခွင့်တောင်းခံသူများကို အမြဲတမ်းဒုက္ခသည်များအဖြစ် သတ်မှတ်မှု ရှိတော့မည်မဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီး ရှာဘားနာမာမုက နိုဝင်ဘာလ ၁၆ရက်တွင်ပြောသည်။

ဗြိတိန်နိုင်ငံသည် နိုင်ငံအတွင်းသို့ နည်းလမ်းအမျိုးမျိုးဖြင့်ရောက်ရှိလာသည့် မည်သို့သောဒုက္ခသည်ကိုမဆို ငါးနှစ်နေထိုင်ခွင့်ပေးထားသည့်အပြင် ထိုငါးနှစ်နောက်ပိုင်းတွင်လည်း ဒုက္ခသည်များအနေဖြင့် ဗြိတိန်နိုင်ငံသားအဖြစ် လျှောက်ထားရန် အခွင့်အရေးပေးထားသည်။ Daily Mail သတင်းဌာန၏ ထုတ်ပြန်ချက်အရ ဗြိတိန်နိုင်ငံရှိ ပြည်ပနိုင်ငံသား ရာဇဝတ်သားများသည် တောင်းပန်ရုံဖြင့် ပြစ်မှုမှလွတ်မြောက်ခွင့် ရရှိနေကြောင်း သိရသည်။