ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးတင္ဦးလြင္ ေရဆင္းေက်း႐ြာမွ မိဘျပည္သူမ်ားႏွင့္ေတြ႕ဆုံ



ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးတင္ဦးလြင္ ေရဆင္းေက်း႐ြာမွ မိဘျပည္သူမ်ားႏွင့္ေတြ႕ဆုံ
=========================
ႏိုဝင္ဘာ ၁၈၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ဥကၠ႒၊ ေဇယ်ာသီရိၿမိဳနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးခင္ရီႏွင့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးတင္ဦးလြင္တိုသည္ ၁၈-၁၁-၂၀၂၅ ရက္ေန႔ နံနက္ပိုင္းတြင္ ေဇယ်ာသီရိၿမိဳနယ္၊ ေရဆင္းေက်း႐ြာအုပ္စုသိုသြားေရာက္ၿပီး မိဘျပည္သူမ်ားႏွင့္ ေတြ႕ဆုံပြဲတစ္ခုျပဳလုပ္ခဲ့ပါသည္။
ေတြ႕ဆုံပြဲတြင္ ပါတီဥကၠ႒ ဦးခင္ရီက ကိုယ္စားလွယ္ေလာင္းမိတ္ဆက္စကားေျပာၾကားပါသည္။ ဆက္လက္ၿပီး ပါတီဥကၠ႒မွ “ပါတီျဖစ္တည္လာမႈသမိုင္း၊ ဖြဲစည္းပုံႏွင့္ လက္ရွိေဆာင္႐ြက္ေနမႈမ်ား၊ လာမည့္ဒီဇင္ဘာလတြင္ က်င္းပျပဳလုပ္မည့္ ေ႐ြးေကာက္ပြဲႏွင့္ ဆက္စပ္သည့္ ကိစၥရပ္မ်ား၊ ပါတီ၏ေ႐ြးေကာက္ပြဲေၾကညာစာတမ္း၊ ဆႏၵမဲမပ်က္မကြက္ေပးၾကေရးႏွင့္ မဲေပးပုံနည္းစနစ္မ်ား၊ ျပည္ခိုင္ၿဖိဳးပါတီအား ေ႐ြးခ်ယ္မဲေပးသင့္သည့္အခ်က္မ်ား” အား အက်ယ္တဝံ့ရွင္းလင္းေျပာၾကားပါသည္။ ထိုေနာက္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးတင္ဦးလြင္မွလည္း ကိုယ္စားလွယ္ေလာင္းမိတ္ဆက္စကားေျပာၾကားပါသည္။
ထိုေနာက္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒၊ ေဇယ်ာသီရိၿမိဳနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးခင္ရီႏွင့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးတင္ဦးလြင္တိုသည္ ေတြ႕ဆုံပြဲသို တက္ေရာက္လာေသာ မိဘျပည္သူမ်ားတင္ျပသည့္ ေဒသဖြံၿဖိဳးေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္ လိုအပ္ခ်က္မ်ားအား ျပန္လည္ရွင္းလင္းေဆြးေႏြးကာ မဲေပးစက္ျဖင့္ ဆႏၵမဲေပးျခင္းအား လက္ေတြ႕သ႐ုပ္ျပသေပးခဲ့ၿပီး ေတြ႕ဆုံပြဲအား “ျပည္ခိုင္ၿဖိဳးပါတီ ႏိုင္ရမည္” ေႂကြးေၾကာ္သံမ်ား ေႂကြးေၾကာ္၍ ႐ုတ္သိမ္းခဲ့ေၾကာင္း သတင္းရရွိပါသည္။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင် ရေဆင်းကျေးရွာမှ မိဘပြည်သူများနှင့်တွေ့ဆုံ
=========================
နိုဝင်ဘာ ၁၈၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ ဇေယျာသီရိမြိုနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်ရီနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင်တိုသည် ၁၈-၁၁-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဇေယျာသီရိမြိုနယ်၊ ရေဆင်းကျေးရွာအုပ်စုသိုသွားရောက်ပြီး မိဘပြည်သူများနှင့် တွေ့ဆုံပွဲတစ်ခုပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီက ကိုယ်စားလှယ်လောင်းမိတ်ဆက်စကားပြောကြားပါသည်။ ဆက်လက်ပြီး ပါတီဥက္ကဋ္ဌမှ “ပါတီဖြစ်တည်လာမှုသမိုင်း၊ ဖွဲစည်းပုံနှင့် လက်ရှိဆောင်ရွက်နေမှုများ၊ လာမည့်ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ဆက်စပ်သည့် ကိစ္စရပ်များ၊ ပါတီ၏ရွေးကောက်ပွဲကြေညာစာတမ်း၊ ဆန္ဒမဲမပျက်မကွက်ပေးကြရေးနှင့် မဲပေးပုံနည်းစနစ်များ၊ ပြည်ခိုင်ဖြိုးပါတီအား ရွေးချယ်မဲပေးသင့်သည့်အချက်များ” အား အကျယ်တဝံ့ရှင်းလင်းပြောကြားပါသည်။ ထိုနောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင်မှလည်း ကိုယ်စားလှယ်လောင်းမိတ်ဆက်စကားပြောကြားပါသည်။
ထိုနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ ဇေယျာသီရိမြိုနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်ရီနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင်တိုသည် တွေ့ဆုံပွဲသို တက်ရောက်လာသော မိဘပြည်သူများတင်ပြသည့် ဒေသဖွံဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် လိုအပ်ချက်များအား ပြန်လည်ရှင်းလင်းဆွေးနွေးကာ မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းအား လက်တွေ့သရုပ်ပြသပေးခဲ့ပြီး တွေ့ဆုံပွဲအား “ပြည်ခိုင်ဖြိုးပါတီ နိုင်ရမည်” ကြွေးကြော်သံများ ကြွေးကြော်၍ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။




