

====================
၁၈-၁၁-၂၀၂၅
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြတ်ဟိန်း ရဲဒိကျေးရွာမှ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ
====================
၁၈-၁၁-၂၀၂၅
နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြိုနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြတ်ဟိန်းသည် ၁၈-၁၁-၂၀၂၅ ရက်နေ့ ညနေ ၃နာရီချိန်တွင် ဒက္ခိဏသီရိမြို့နယ်၊ ရဲဒိကျေးရွာမှ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်းဦးမြတ်ဟိန်း က ဒေသဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်နိုင်မည့် အခြေအနေများ ၊ နိုင်ငံအတွက်ပြည်သူများ ပါဝင်မဲပေးခြင်း၏ အရေးပါမှု၊ စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ၊ တောင်သူလယ်သမားအခန်းကဏ္ဍတိုးတက်ရေး အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ မဲဆန္ဒရှင် ရဲဒိကျေးရွာမှ ပြည်သူများကလည်း သိလိုသောအကြောင်း
အရာများကို မေးမြန်းဆွေးနွေးခဲ့ပြီး ညနေ ၅နာရီအချိန်တွင် တွေ့ဆုံပွဲ အောင်မြင်စွာပြီးမြောက်ခဲ့ပါကြောင်းသတင်း ရရှိပါသည်။




