ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအြန္က ႏိုင္ငံအတြင္း ပရီးမီးယားလိဂ္ပြဲစဥ္ေတြ ထုတ္လႊင့္ျပသဖို႔ ခြင့္ျပဳေပးမည္
ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအြန္က ႏိုင္ငံအတြင္း ပရီးမီးယားလိဂ္ပြဲစဥ္ေတြ ထုတ္လႊင့္ျပသဖို႔ ခြင့္ျပဳေပးမည္
================
ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအြန္က ေျမာက္ကိုရီးယားႏိုင္ငံအတြင္း ပရီးမီးယားလိဂ္ပြဲစဥ္ေတြ ထုတ္လႊင့္ျပသဖို႔ ခြင့္ျပဳေပးခဲ့ၿပီလို႔ သတင္းထြက္လာခဲ့ပါတယ္။
နာမည္ေက်ာ္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို ကမာၻ႔ႏိုင္ငံေပါင္း (၁၉၀)နီးပါးက ၾကည့္ရႈခြင့္ရေနေပမဲ့ ေျမာက္ကိုရီးယားႏိုင္ငံမွာေတာ့ ပိတ္ပင္ထားတာပါ။
အခု ကင္ဂ်ဳံအြန္က ထုတ္လႊင့္ျပသဖို႔ ခြင့္ျပဳေပးခဲ့ေပမဲ့လည္း ကန႔္သတ္ခ်က္မ်ားစြာ ပါဝင္ေၾကာင္း သိရပါတယ္။
အဓိကကန႔္သတ္ထားတဲ့အခ်က္ေတြကေတာ့ (၁)ပရီးမီးယားလိဂ္ပြဲေတြကို တိုက္႐ိုက္ထုတ္လႊင့္ျပသမွာမဟုတ္ဘဲ တည္းျဖတ္ၿပီးမွ ျပသရမွာပါ။ (၂) ေဘာလုံးပြဲတစ္ပြဲက မိနစ္(၉၀) ယွဥ္ၿပိဳင္ရတာျဖစ္ေပမဲ့ မိနစ္(၆၀)သာၾကာျမင့္ေအာင္ တည္းျဖတ္ၿပီးမွ ျပသရမွာပါ။ (၃) ကြင္းအတြင္းက အဂၤလိပ္စာလုံးေတြအားလုံးကို ေျမာက္ကိုရီးယားဂရပ္ဖစ္ေတြနဲ႔ ဖုံးအုပ္ၿပီးမွ ျပသရမွာပါ။ (၄) ေတာင္ကိုရီးယားကစားသမားေတြရဲ႕ ပုံရိပ္ေတြကို ဖယ္ရွားၿပီးမွ ျပသရမွာပါ။ (၅) LGBTQ+ နဲ႔ ပတ္သက္တဲ့ ပုံရိပ္သေကၤတေတြကိုလည္း ဖယ္ရွားၿပီးမွ ျပသရမွာပါ။
ကင္ဂ်ဳံအြန္ဟာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို ၾကည့္ရႈေလ့ရွိသူတစ္ဦးျဖစ္ေၾကာင္းလည္း သိရပါတယ္။ #Eleven
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က နိုင်ငံအတွင်း ပရီးမီးယားလိဂ်ပွဲစဉ်တွေ ထုတ်လွှင့်ပြသဖို့ ခွင့်ပြုပေးမည်
================
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က မြောက်ကိုရီးယားနိုင်ငံအတွင်း ပရီးမီးယားလိဂ်ပွဲစဉ်တွေ ထုတ်လွှင့်ပြသဖို့ ခွင့်ပြုပေးခဲ့ပြီလို့ သတင်းထွက်လာခဲ့ပါတယ်။
နာမည်ကျော် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ကမ္ဘာ့နိုင်ငံပေါင်း (၁၉၀)နီးပါးက ကြည့်ရှုခွင့်ရနေပေမဲ့ မြောက်ကိုရီးယားနိုင်ငံမှာတော့ ပိတ်ပင်ထားတာပါ။
အခု ကင်ဂျုံအွန်က ထုတ်လွှင့်ပြသဖို့ ခွင့်ပြုပေးခဲ့ပေမဲ့လည်း ကန့်သတ်ချက်များစွာ ပါဝင်ကြောင်း သိရပါတယ်။
အဓိကကန့်သတ်ထားတဲ့အချက်တွေကတော့ (၁)ပရီးမီးယားလိဂ်ပွဲတွေကို တိုက်ရိုက်ထုတ်လွှင့်ပြသမှာမဟုတ်ဘဲ တည်းဖြတ်ပြီးမှ ပြသရမှာပါ။ (၂) ဘောလုံးပွဲတစ်ပွဲက မိနစ်(၉၀) ယှဉ်ပြိုင်ရတာဖြစ်ပေမဲ့ မိနစ်(၆၀)သာကြာမြင့်အောင် တည်းဖြတ်ပြီးမှ ပြသရမှာပါ။ (၃) ကွင်းအတွင်းက အင်္ဂလိပ်စာလုံးတွေအားလုံးကို မြောက်ကိုရီးယားဂရပ်ဖစ်တွေနဲ့ ဖုံးအုပ်ပြီးမှ ပြသရမှာပါ။ (၄) တောင်ကိုရီးယားကစားသမားတွေရဲ့ ပုံရိပ်တွေကို ဖယ်ရှားပြီးမှ ပြသရမှာပါ။ (၅) LGBTQ+ နဲ့ ပတ်သက်တဲ့ ပုံရိပ်သင်္ကေတတွေကိုလည်း ဖယ်ရှားပြီးမှ ပြသရမှာပါ။
ကင်ဂျုံအွန်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ကြည့်ရှုလေ့ရှိသူတစ်ဦးဖြစ်ကြောင်းလည်း သိရပါတယ်။




