

=========================
၁၈.၁၁.၂၀၂၅
ရွေးကောက်ပွဲဆိုတာ ပြည်သူတွေရဲ့ အခွင့်အရေးကို လုပ်ပေးဖိုဖြစ်လာတာလို့ဆို
=========================
၁၈.၁၁.၂၀၂၅
ပြည်သူတွေရဲ့ အခွင့်အရေးကို လုပ်ပေးဖို့အတွက် ဒီရွေးကောက်ပွဲဆိုတာ ဖြစ်လာတာလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးသောင်းအေး ပြောပါတယ်။
ဒီကနေ့ ပျော်ဘွယ်မြိုနယ်က မဲဆန္ဒရှင်တွေနဲ့ တွေဆုံဆွေးနွေးချိန်မှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ ပြည်သူတွေရဲ့ အခွင့်အရေးကို လုပ်ပေးဖို့အတွက် ဒီရွေးကောက်ပွဲဆိုတာ ဖြစ်လာတာ။ အဲ့တော့ တရားဝင် လုပ်ပိုင်ခွင့်ရအောင် ပြည်သူတွေရဲ့ ဆန္ဒဟာ လွှတ်တော်ဆန္ဒ၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို လွှတ်တော်က ဆောင်ရွက်ပေးရမှာ။ ဒါကို ကျွန်တော်တို့က ရစေချင်လို့ ပြည်သူတွေအတွက် ဒီရွေးကောက်ပွဲလုပ်တာလို ဒါလေးမှတ်ထားပေးပါ။
ရွေးကောက်ပွဲ ပျက်အောင် လျှောက်ဖျက်နေသူတွေကတော့ အမျိုးမျိုး လျှောက်ပြောနေတာတွေရှိတယ်လို့ ဆိုပါတယ်။
အခုအခါမှာ ဆိုရင် စောင့်ကြည့်လေ့လာရေးအဖွဲတွေကို ပြည်တွင်းတောင် မဟုတ်ဘဲ ပြည်ပနိုင်ငံတွေကို ဖိတ်ခေါ်ထားပြီးပြီလို့ သိရပါတယ်။
“အဲ့ဒီနေ့မှာ ခင်ဗျားတို့ စိတ်ကြိုက်လာကြည့်။ ဒီ စက်ကရိယာတွေကိုလည်း ကျွန်တော်တို့ ပြပြီးပြီ၊ နိုင်ငံခြားကို။ အခု ကျွန်တော်တိုသုံးတဲ့ မဲပေးရမယ့်စက်ပေါ့၊ ဘာကြိုးနဲ့မှ ချိတ်မထားဘူ။ အဲ့အပေါ်မှာ ဘက်ထရီနဲ့ပဲ ချိတ်ထားတာ။ ဘာ အင်တာနက်နဲ့မှလည်း ချိတ်မထားဘူး၊ ဘယ်သူကမှလည်း ဝင်ဖျက်စီးလို့မရဘူး။
အဲ့တော့ သေသေချာချာ စနစ်တကျ စမ်းသပ်ပြီးတော့ လုပ်ပေးထားတာ။ မသမာမှုတွေ မဖြစ်အောင်ပေါ့။ မဲ မသမာမှုတွေ မဖြစ်အောင်လို ဒီလိုအထိ လုပ်ပေးထားတာတွေ့ရတယ်တယ်”လို့ ဦးသောင်းအေးကပြောပါတယ်။
ဦးသောင်းအေးဆက်ပြီတော့ “အဲ့တော့ ပြောချင်တာကတော့ ဒီရွေးကောက်ပွဲကြီးဟာ အရေးကြီးပါတယ်။ အရေးကြီးတဲ့အတွက် ဘယ်သူ့အတွက် အရေးကြီးတာလဲ၊ ဒီ မိသားစုတွေအတွက် အရေးကြီးတာ။ အဲ့ဒါတွေပြီးမှ လူငယ်တွေဆိုလည်း လူငယ်တွေ အခွင့်အရေးတွေ ရလာမယ်။ အမျိုးသမီးတွေ ဆိုရင်လည်း အမျိုးသမီး အခွင့်အရေးတွေ ရလာမယ်။ သက်ကြီးရွယ်အိုတွေလည်း သက်ကြီးရွယ်အို အခွင့်အရေးတွေ ရလာမယ်” လို့ ဆိုပါတယ်။




