ေအာင္လံၿမိဳ႕နယ္၊ ေတာင္နံ႔သာေက်း႐ြာမွ ေဒသခံျပည္သူမ်ားႏွင့္ေတြ႕ဆုံပြဲ


ေအာင္လံၿမိဳ႕နယ္၊ ေတာင္နံ႔သာေက်း႐ြာမွ ေဒသခံျပည္သူမ်ားႏွင့္ေတြ႕ဆုံပြဲ
¬————————————————————
ႏို၀င္ဘာ(၁၈)ရက္
ယေန႔ ေန႔လည္ (၁)နာရီခ်ိန္ခန႔္တြင္ ေအာင္လံမဲဆႏၵနယ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း တြဲဖက္အေထြေထြ အတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ မေကြးခ႐ိုင္ပါတီအတြင္းေရးမႉး၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း(FPTP) ဦးေအာင္ႏိုင္၊ ေအာင္လံခ႐ိုင္ပါတီဥကၠဌ၊ မေကြးတိုင္းေဒသႀကီးတိုင္းေဒသႀကီးလႊတ္ေတာ္(FPTP) လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးစန္းလြင္ႏွင့္ခ႐ိုင္၊ ၿမိဳနယ္ပါတီေကာ္မတီ၀င္မ်ားသည္ မေကြးတိုင္းေဒသႀကီး၊ ေအာင္လံခ႐ိုင္၊ ေအာင္လံၿမိဳနယ္ ၊ ေတာင္နံ႔သာေက်း႐ြာတြင္မဲဆြယ္စည္း႐ုံး ေတြ႕ဆုံပြဲက်င္းပခဲ့ပါသည္။
ေတြ႕ဆုံပြဲတြင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးတင္ေအာင္ခ်စ္မွ မိမိတို ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံၿဖိဳးေရးပါတီစတင္ျဖစ္ေပၚလာပုံ၊ ပါတီသည္တိုင္းရင္းသား လူမ်ိဳးေပါင္းစုံ၊ အလႊာေပါင္းစုံျဖင့္ စနစ္တက် ဖြဲစည္းထားေသာ ျပည္ေထာင္စုပါတီျဖစ္ေၾကာင္း၊ မိမိတိုပါတီသည္ေ႐ြးေကာက္ပြဲအတြက္ ထုတ္ျပန္ခဲ့ေသာ ပါတီ၏ ေ႐ြးေကာက္ပြဲ ကတိက၀တ္ မ်ားသည္ ေ႐ြးေကာက္ပြဲနားနီးမွ ေရးဆြဲျပဌာန္းခဲ့ေသာ မူဝါဒမ်ား၊ ကတိက၀တ္မ်ားမဟုတ္ဘဲ ပါတီအေနျဖင့္ တတ္သိပညာရွင္မ်ားျဖင့္ ႏိုင္ငံေတာ္၏ က႑ေပါင္းစုံအား ႏွစ္ရွည္လမ်ား သုေတသနျပဳလုပ္ၿပီး ႏိုင္ငံေတာ္ႏွင့္ ျပည္သူအတြက္အမွန္တကယ္ေဆာင္႐ြက္ေပးႏိုင္ေသာကတိကဝတ္မ်ားျဖစ္ေၾကာင္း၊ မိမိတိုပါတီအား တာ၀န္ေပးအပ္လာပါက ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးအား အေလးထားေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ေတာင္သူလယ္သမားႏွင့္ လယ္ယာ၊ သားငါး က႑ဖြံၿဖိဳးတိုးတက္ေရးအတြက္ ေမြးျမဴေရးက႑အတြက္ ၾကက္၊ ၀က္၊ ဆိတ္အပါအ၀င္တစ္ပိုင္တစ္ႏိုင္ ေမြးျမဴသူ မ်ားအား လိုအပ္ေသာအရင္းအႏွီးမ်ားအတြက္သက္သာေသာ အတိုးႏႈန္းျဖင့္ ႏွစ္ခ်င္းဆပ္ ေခ်းေငြ ရရွိေရးေဆာင္႐ြက္ေပး မည္ျဖစ္ေၾကာင္း။
စိုက္ပ်ိဳးေရးက႑အတြက္ စပါး၊ ပဲ၊ ေနၾကာ၊ ဆီထြက္သီးႏွံစိုက္ပ်ိဳးသူမ်ားအား လိုအပ္ေသာအရင္းအႏွီးမ်ားကို သက္သာေသာအတိုးႏႈန္းျဖင့္ႏွစ္ခ်င္းဆပ္ေခ်းေငြရရွိေရးေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း၊ စက္မႈသီးႏွံက႑အတြက္ ရာဘာ၊ ဝါ၊ ဝါး စိုက္ပ်ိဳးမႈမ်ားႏွင့္ပတ္သက္၍ လိုအပ္ေသာေခ်းေငြရရွိေရး ေဆာင္႐ြက္ေပးမည္ ျဖစ္ေၾကာင္း၊ လယ္ယာထုတ္ကုန္မ်ား ေရာင္းခ်ရာတြင္ သင့္တင့္မွ်တသည့္ ေဈးႏႈန္းႏွင့္ေဈးကြက္ရရွိေရးတိုအတြက္ ေတာင္သူလယ္သမားမ်ားကို ကူညီေဆာင္႐ြက္ ေပးသြားမည္ျဖစ္ေၾကာင္း ပညာေရးက႑တြင္လည္း အလယ္တန္းအဆင့္ထိ အခမဲ့ပညာေရးစနစ္ေဆာင္႐ြက္မည့္အျပင္ ေက်ာင္းျပင္ပ ပညာေရးစနစ္ကိုလည္း အေကာင္အထည္ေပၚေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ပါတီ၏ေ႐ြးေကာက္ပြဲ ကတိက၀တ္မ်ားႏွင့္ ေ႐ြးေကာက္ပြဲေၾကျငာစာတမ္းအား ရွင္းလင္းေျပာၾကားခဲ့ကာ မိဘျပည္သူမ်ားအေနျဖင့္ “မိမိတို၏ မဲတစ္ျပားအား ႏွလုံးသားျဖင့္မဆုံးျဖတ္ဘဲ ဦးေႏွာက္ျဖင့္စဥ္းစားေ႐ြးခ်ယ္”ၾကရန္ တိုက္တြန္းေျပာၾကားခဲ့ၿပီး မိမိအား ေအာင္လံၿမိဳနယ္၊ ေတာင္နံ႔သာေက်း႐ြာမွျပည္သူမ်ား ေ႐ြးခ်ယ္တာ၀န္ေပးအပ္လာပါက “ေပးထားေသာ ကတိမ်ားကို တည္ေစ ရမည္” ဟု ကတိက၀တ္ျပဳကာ ျခေသၤ့တံဆိပ္ကိုမဲေပးၾကရန္ေျပာၾကားခဲ့ပါသည္။
အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေအာင္ႏိုင္မွ မိတ္ဆက္စကားေျပာၾကားျခင္း၊ ျပည္သူမ်ားအေနျဖင့္ အစိုးရဖြဲႏိုင္ေသာ ပါတီကို မဲေပးေ႐ြးခ်ယ္ၾကရန္ႏွင့္ မိမိတိုေဒသ၏ ဖြံၿဖိဳးတိုးတက္ေရးႏွင့္ေဒသ၏အက်ိဳးစီးပြား တိုးတက္ ေကာင္းမြန္လာေစေရးအတြက္ တာ၀န္ေပးအပ္လာပါက ႀကိဳးစားေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္းႏွင့္ မိမိတို ပါတီအား ေ႐ြးခ်ယ္မဲေပးၾကရန္ ေျပာၾကားခဲ့ပါသည္။
ေအာင္လံခ႐ိုင္ပါတီဥကၠဌ ဦးစန္းလြင္မွ မိမိတိုပါတီအား တာ၀န္ေပးအပ္လာပါကေအာင္လံၿမိဳနယ္ ဖြံၿဖိဳးတိုးတက္ေရး အတြက္အစြမ္းကုန္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ၿပီး ပထမအႀကိမ္ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္စဥ္ကလည္း အေျပာမဟုတ္ဘဲ ေအာင္လံၿမိဳနယ္ ဖြံၿဖိဳးတိုးတက္ေရးအတြက္ အစြမ္းကုန္ႀကိဳးစားေဆာင္႐ြက္ေပးခဲ့သလို ယခုတစ္ႀကိမ္တြင္လည္း ျပည္သူလူထု၏ အက်ိဳးစီးပြားအား တိုးတက္ျမင့္မားေအာင္ ေဆာင္႐ြက္ႏိုင္စြမ္းရွိေသာ မိမိတို၏ပါတီအား မဲေပးၾကရန္ႏွင့္ ျပည္သူမ်ားအေနျဖင့္ လူပုဂၢိဳလ္ကိုမၾကည့္ဘဲ ျပည္သူလူထု၏ အခက္အခဲအား အမွန္တကယ္ ေျဖရွင္းေဆာင္႐ြက္ ေပးႏိုင္ေသာ ကိုယ္စားလွယ္မ်ားကိုမဲေပးၾကရန္လိုေၾကာင္း၊ မဲေပးပုံနည္းစနစ္မ်ားကို တက္ေရာက္လာသူမ်ားကိုရွင္းလင္းတင္ျပခဲ့ကာ တက္ေရာက္လာၾကသူမ်ားႏွင့္အျပန္အလွန္ေဆြးေႏြးၿပီး ေန႔လည္ ၃:၁၅နာရီခ်ိန္တြင္ ေတြ႕ဆုံပြဲၿပီးဆုံးခဲ့ပါသည္။ ေတြ႕ဆုံပြဲသို႔ ေတာင္နံ႔သာေက်း႐ြာေန ျပည္သူ (၁၅၀)ဦး တက္ေရာက္ခဲ့ပါသည္။
အောင်လံမြို့နယ်၊ တောင်နံ့သာကျေးရွာမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ
¬————————————————————
နို၀င်ဘာ(၁၈)ရက်
ယနေ့ နေ့လည် (၁)နာရီချိန်ခန့်တွင် အောင်လံမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်ချစ်၊ မကွေးခရိုင်ပါတီအတွင်းရေးမှူး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း(FPTP) ဦးအောင်နိုင်၊ အောင်လံခရိုင်ပါတီဥက္ကဌ၊ မကွေးတိုင်းဒေသကြီးတိုင်းဒေသကြီးလွှတ်တော်(FPTP) လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစန်းလွင်နှင့်ခရိုင်၊ မြိုနယ်ပါတီကော်မတီ၀င်များသည် မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြိုနယ် ၊ တောင်နံ့သာကျေးရွာတွင်မဲဆွယ်စည်းရုံး တွေ့ဆုံပွဲကျင်းပခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်အောင်ချစ်မှ မိမိတို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီစတင်ဖြစ်ပေါ်လာပုံ၊ ပါတီသည်တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံဖြင့် စနစ်တကျ ဖွဲစည်းထားသော ပြည်ထောင်စုပါတီဖြစ်ကြောင်း၊ မိမိတိုပါတီသည်ရွေးကောက်ပွဲအတွက် ထုတ်ပြန်ခဲ့သော ပါတီ၏ ရွေးကောက်ပွဲ ကတိက၀တ် များသည် ရွေးကောက်ပွဲနားနီးမှ ရေးဆွဲပြဌာန်းခဲ့သော မူဝါဒများ၊ ကတိက၀တ်များမဟုတ်ဘဲ ပါတီအနေဖြင့် တတ်သိပညာရှင်များဖြင့် နိုင်ငံတော်၏ ကဏ္ဍပေါင်းစုံအား နှစ်ရှည်လများ သုတေသနပြုလုပ်ပြီး နိုင်ငံတော်နှင့် ပြည်သူအတွက်အမှန်တကယ်ဆောင်ရွက်ပေးနိုင်သောကတိကဝတ်များဖြစ်ကြောင်း၊ မိမိတိုပါတီအား တာ၀န်ပေးအပ်လာပါက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအား အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမားနှင့် လယ်ယာ၊ သားငါး ကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးကဏ္ဍအတွက် ကြက်၊ ၀က်၊ ဆိတ်အပါအ၀င်တစ်ပိုင်တစ်နိုင် မွေးမြူသူ များအား လိုအပ်သောအရင်းအနှီးများအတွက်သက်သာသော အတိုးနှုန်းဖြင့် နှစ်ချင်းဆပ် ချေးငွေ ရရှိရေးဆောင်ရွက်ပေး မည်ဖြစ်ကြောင်း။
စိုက်ပျိုးရေးကဏ္ဍအတွက် စပါး၊ ပဲ၊ နေကြာ၊ ဆီထွက်သီးနှံစိုက်ပျိုးသူများအား လိုအပ်သောအရင်းအနှီးများကို သက်သာသောအတိုးနှုန်းဖြင့်နှစ်ချင်းဆပ်ချေးငွေရရှိရေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စက်မှုသီးနှံကဏ္ဍအတွက် ရာဘာ၊ ဝါ၊ ဝါး စိုက်ပျိုးမှုများနှင့်ပတ်သက်၍ လိုအပ်သောချေးငွေရရှိရေး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ လယ်ယာထုတ်ကုန်များ ရောင်းချရာတွင် သင့်တင့်မျှတသည့် ဈေးနှုန်းနှင့်ဈေးကွက်ရရှိရေးတိုအတွက် တောင်သူလယ်သမားများကို ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပညာရေးကဏ္ဍတွင်လည်း အလယ်တန်းအဆင့်ထိ အခမဲ့ပညာရေးစနစ်ဆောင်ရွက်မည့်အပြင် ကျောင်းပြင်ပ ပညာရေးစနစ်ကိုလည်း အကောင်အထည်ပေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပါတီ၏ရွေးကောက်ပွဲ ကတိက၀တ်များနှင့် ရွေးကောက်ပွဲကြေငြာစာတမ်းအား ရှင်းလင်းပြောကြားခဲ့ကာ မိဘပြည်သူများအနေဖြင့် “မိမိတို၏ မဲတစ်ပြားအား နှလုံးသားဖြင့်မဆုံးဖြတ်ဘဲ ဦးနှောက်ဖြင့်စဉ်းစားရွေးချယ်”ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး မိမိအား အောင်လံမြိုနယ်၊ တောင်နံ့သာကျေးရွာမှပြည်သူများ ရွေးချယ်တာ၀န်ပေးအပ်လာပါက “ပေးထားသော ကတိများကို တည်စေ ရမည်” ဟု ကတိက၀တ်ပြုကာ ခြင်္သေ့တံဆိပ်ကိုမဲပေးကြရန်ပြောကြားခဲ့ပါသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်နိုင်မှ မိတ်ဆက်စကားပြောကြားခြင်း၊ ပြည်သူများအနေဖြင့် အစိုးရဖွဲနိုင်သော ပါတီကို မဲပေးရွေးချယ်ကြရန်နှင့် မိမိတိုဒေသ၏ ဖွံဖြိုးတိုးတက်ရေးနှင့်ဒေသ၏အကျိုးစီးပွား တိုးတက် ကောင်းမွန်လာစေရေးအတွက် တာ၀န်ပေးအပ်လာပါက ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် မိမိတို ပါတီအား ရွေးချယ်မဲပေးကြရန် ပြောကြားခဲ့ပါသည်။
အောင်လံခရိုင်ပါတီဥက္ကဌ ဦးစန်းလွင်မှ မိမိတိုပါတီအား တာ၀န်ပေးအပ်လာပါကအောင်လံမြိုနယ် ဖွံဖြိုးတိုးတက်ရေး အတွက်အစွမ်းကုန်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်စဉ်ကလည်း အပြောမဟုတ်ဘဲ အောင်လံမြိုနယ် ဖွံဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးခဲ့သလို ယခုတစ်ကြိမ်တွင်လည်း ပြည်သူလူထု၏ အကျိုးစီးပွားအား တိုးတက်မြင့်မားအောင် ဆောင်ရွက်နိုင်စွမ်းရှိသော မိမိတို၏ပါတီအား မဲပေးကြရန်နှင့် ပြည်သူများအနေဖြင့် လူပုဂ္ဂိုလ်ကိုမကြည့်ဘဲ ပြည်သူလူထု၏ အခက်အခဲအား အမှန်တကယ် ဖြေရှင်းဆောင်ရွက် ပေးနိုင်သော ကိုယ်စားလှယ်များကိုမဲပေးကြရန်လိုကြောင်း၊ မဲပေးပုံနည်းစနစ်များကို တက်ရောက်လာသူများကိုရှင်းလင်းတင်ပြခဲ့ကာ တက်ရောက်လာကြသူများနှင့်အပြန်အလှန်ဆွေးနွေးပြီး နေ့လည် ၃:၁၅နာရီချိန်တွင် တွေ့ဆုံပွဲပြီးဆုံးခဲ့ပါသည်။ တွေ့ဆုံပွဲသို့ တောင်နံ့သာကျေးရွာနေ ပြည်သူ (၁၅၀)ဦး တက်ရောက်ခဲ့ပါသည်။




