ႏွစ္ႏိုင္ငံဆက္ဆံေရးတင္းမာမႈျမင့္တက္လာစဥ္ ဂ်ပန္ႏိုင္ငံရွိေက်ာင္းသားမ်ား သတိျဖင့္ေနထိုင္ရန္ တ႐ုတ္ သတိေပး

ႏွစ္ႏိုင္ငံဆက္ဆံေရးတင္းမာမႈျမင့္တက္လာစဥ္ ဂ်ပန္ႏိုင္ငံရွိေက်ာင္းသားမ်ား သတိျဖင့္ေနထိုင္ရန္ တ႐ုတ္ သတိေပး
==================
ဂ်ပန္ႏိုင္ငံသို႔သြားရန္ျပင္ဆင္ေနသည့္ သို႔မဟုတ္ ဂ်ပန္ႏိုင္ငံ၌ေရာက္ရွိပညာသင္ယူေနသည့္ တ႐ုတ္ ႏိုင္ငံသားမ်ားအေနျဖင့္ ေဒသတြင္းလုံၿခဳံေရးအေျခအေနကို အနီးကပ္ ေစာင့္ၾကည့္၍ သတိျဖင့္ေနထိုင္ရန္ တ႐ုတ္ အစိုးရက ႏိုဝင္ဘာလ ၁၆ ရက္တြင္ သတိေပးခ်က္ထုတ္ျပန္ထားတယ္လို႔ သိရပါတယ္။
ဂ်ပန္ႏိုင္ငံဝန္ႀကီးခ်ဳပ္ ဆာနာအီ တာကာအီခ်ီက ထိုင္ဝမ္ကြၽန္းအေရးႏွင့္ပတ္သက္၍ မွတ္ခ်က္ျပဳစကားေျပာၿပီးေနာက္ တ႐ုတ္ႏိုင္ငံႏွင့္ ဂ်ပန္ႏိုင္ငံတို႔ၾကား ဆက္ဆံေရးတင္းမာ လာေနစဥ္ယခုကဲ့သို႔သတိေပးခ်က္ကို ထုတ္ျပန္လာျခင္းျဖစ္တယ္လို႔ သိရပါတယ္။
တ႐ုတ္ႏိုင္ငံအစိုးရသည္ ထိုင္ဝမ္ကြၽန္းကို တ႐ုတ္ႏိုင္ငံပိုင္နယ္နိမိတ္တစ္ခုအျဖစ္ သတ္မွတ္ထားၿပီး ႏိုင္ငံ အမ်ားအျပားကလည္း အလားတူသတ္မွတ္ကာ တ႐ုတ္တစ္ႏိုင္ငံ တည္းမူဝါဒကို ေထာက္ခံထားတယ္လို႔ သိရပါတယ္။
သို႔ေသာ္ ထိုင္ဝမ္ကြၽန္းပဋိပကၡႏွင့္ပတ္သက္၍ တ႐ုတ္ႏိုင္ငံက အင္အားအသုံးျပဳျခင္းသည္ ဂ်ပန္ႏိုင္ငံအေနျဖင့္ ၾကားဝင္ စြက္ဖက္သင့္သည့္ အေျခအေနတစ္ခုျဖစ္လာမည္ ျဖစ္ေၾကာင္း ဂ်ပန္ႏိုင္ငံဝန္ႀကီးခ်ဳပ္ ကေျပာလာျခင္းျဖစ္တယ္လို႔ သိရပါတယ္။
ထို႔ေၾကာင့္ ဂ်ပန္ဝန္ႀကီးခ်ဳပ္၏ေျပာဆိုခ်က္သည္ တ႐ုတ္ျပည္တြင္းေရးတြင္ ဝင္ေရာက္စြက္ဖက္ရာ ေရာက္သည့္ အတြက္ ယခုကဲ့သို႔ေျပာဆိုမႈကို ျပန္လည္႐ုပ္သိမ္းရန္ တ႐ုတ္ႏိုင္ငံက ေတာင္းဆိုထားေသာ္လည္း ဂ်ပန္အစိုးရက ျငင္းဆိုထားေၾကာင္း CCTV သတင္းဌာနေဖာ္ျပခ်က္အရ သိရသိရပါတယ္။
နှစ်နိုင်ငံဆက်ဆံရေးတင်းမာမှုမြင့်တက်လာစဉ် ဂျပန်နိုင်ငံရှိကျောင်းသားများ သတိဖြင့်နေထိုင်ရန် တရုတ် သတိပေး
==================
ဂျပန်နိုင်ငံသို့သွားရန်ပြင်ဆင်နေသည့် သို့မဟုတ် ဂျပန်နိုင်ငံ၌ရောက်ရှိပညာသင်ယူနေသည့် တရုတ် နိုင်ငံသားများအနေဖြင့် ဒေသတွင်းလုံခြုံရေးအခြေအနေကို အနီးကပ် စောင့်ကြည့်၍ သတိဖြင့်နေထိုင်ရန် တရုတ် အစိုးရက နိုဝင်ဘာလ ၁၆ ရက်တွင် သတိပေးချက်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံဝန်ကြီးချုပ် ဆာနာအီ တာကာအီချီက ထိုင်ဝမ်ကျွန်းအရေးနှင့်ပတ်သက်၍ မှတ်ချက်ပြုစကားပြောပြီးနောက် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ကြား ဆက်ဆံရေးတင်းမာ လာနေစဉ်ယခုကဲ့သို့သတိပေးချက်ကို ထုတ်ပြန်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံအစိုးရသည် ထိုင်ဝမ်ကျွန်းကို တရုတ်နိုင်ငံပိုင်နယ်နိမိတ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး နိုင်ငံ အများအပြားကလည်း အလားတူသတ်မှတ်ကာ တရုတ်တစ်နိုင်ငံ တည်းမူဝါဒကို ထောက်ခံထားတယ်လို့ သိရပါတယ်။
သို့သော် ထိုင်ဝမ်ကျွန်းပဋိပက္ခနှင့်ပတ်သက်၍ တရုတ်နိုင်ငံက အင်အားအသုံးပြုခြင်းသည် ဂျပန်နိုင်ငံအနေဖြင့် ကြားဝင် စွက်ဖက်သင့်သည့် အခြေအနေတစ်ခုဖြစ်လာမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံဝန်ကြီးချုပ် ကပြောလာခြင်းဖြစ်တယ်လို့ သိရပါတယ်။
ထို့ကြောင့် ဂျပန်ဝန်ကြီးချုပ်၏ပြောဆိုချက်သည် တရုတ်ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ရာ ရောက်သည့် အတွက် ယခုကဲ့သို့ပြောဆိုမှုကို ပြန်လည်ရုပ်သိမ်းရန် တရုတ်နိုင်ငံက တောင်းဆိုထားသော်လည်း ဂျပန်အစိုးရက ငြင်းဆိုထားကြောင်း CCTV သတင်းဌာနဖော်ပြချက်အရ သိရသိရပါတယ်။



