ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးခင္ရီ မႏၲေလးတိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား မိတ္ဆက္ျခင္းႏွင့္ ေ႐ြးေကာက္ပြဲေၾကညာစာတမ္းရွင္းလင္းပြဲအခမ္းအနားသို႔ တက္ေရာက္





ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးခင္ရီ မႏၲေလးတိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား မိတ္ဆက္ျခင္းႏွင့္ ေ႐ြးေကာက္ပြဲေၾကညာစာတမ္းရွင္းလင္းပြဲအခမ္းအနားသို႔ တက္ေရာက္
==================
ႏိုဝင္ဘာ ၁၇၊ မႏၲေလး
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၁၆-၁၁-၂၀၂၅ ရက္ေန႔ ေန႔လည္ ၁ နာရီအခ်ိန္တြင္ မႏၲေလးတိုင္းေဒသႀကီး ၿမိဳ႕ေတာ္ခန္းမတြင္ျပဳလုပ္ေသာ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားအား မိတ္ဆက္ျခင္းႏွင့္ ေ႐ြးေကာက္ပြဲေၾကညာစာတမ္း ဖတ္ၾကားရွင္းလင္းပြဲအခမ္းအနားသို႔ တက္ေရာက္ခဲ့ပါသည္။
အခမ္းအနားကို တက္ေရာက္လာသူအားလုံးက ႏိုင္ငံေတာ္အလံအေလးျပဳ၍ ႏိုင္ငံေတာ္သီခ်င္းသံၿပိဳင္သီဆိုဖြင့္လွစ္ပါသည္။ ဆက္လက္ၿပီး မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ မဲဆႏၵနယ္အသီးသီးတြင္ ပါတီကိုယ္စားျပဳ ဝင္ေရာက္ေ႐ြးခ်ယ္ၾကမည့္ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းမ်ားအား တစ္ဦးခ်င္းစီအလိုက္ မိတ္ဆက္ခဲ့ၿပီး ပါတီဥကၠ႒ ဦးခင္ရီမွ ႀကိဳဆိုႏႈတ္ခြန္းဆက္စကားေျပာၾကားပါသည္။
ထို႔ေနာက္ အမရပူရမဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးသိန္းထြန္းဦးက ပါတီ၏ ျပည္သူအတြက္ေဆာင္႐ြက္ေပးမည့္ ေ႐ြးေကာက္ပြဲအာမခံခ်က္အား ဖတ္ၾကားရွင္းလင္းတင္ျပၿပီး ပါတီဥကၠ႒ ဦးခင္ရီမွ ထပ္ဆင့္ရွင္းလင္းေျပာၾကားပါသည္။ ၎ေနာက္ တက္ေရာက္လာသူမ်ားထဲမွ သိရွိလိုသည့္အခ်က္မ်ားအား ေမးျမန္းၾကရာ ပါတီဥကၠ႒မွ ျပန္လည္ေျဖၾကားၿပီး “ျပည္ခိုင္ၿဖိဳးပါတီ ႏိုင္ရမည္” ေႂကြးေၾကာ္သံမ်ား ေႂကြးေၾကာ္၍ အခမ္းအနားကို ညေန ၄ နာရီအခ်ိန္တြင္ ေအာင္ျမင္စြာ႐ုတ္သိမ္းခဲ့ပါသည္။
အဆိုပါ အခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ မႏၲေလးတိုင္းေဒသႀကီးအတြင္း မဲဆႏၵနယ္အသီးသီးမွ ပါတီကိုယ္စားျပဳဝင္ေရာက္ေ႐ြးခ်ယ္ယွဥ္ၿပိဳင္ၾကမည့္ ကိုယ္စားလွယ္ေလာင္းမ်ား၊ ဖိတ္ၾကားထားေသာ အဖြဲ႕အစည္းအသီးသီးမွ ဧည့္သည္ေတာ္မ်ား၊ ျပည္ခိုင္ၿဖိဳးပါတီကို ခ်စ္ခင္ျမတ္ႏိုးၾကသူမ်ား စုစုေပါင္းအင္အား (၃၀၀၀)ခန႔္ တက္ေရာက္ခဲ့ၾကပါသည္။
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်ခြင်းနှင့် ရွေးကောက်ပွဲကြေညာစာတမ်းရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်
==================
နိုဝင်ဘာ ၁၇၊ မန္တလေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၁၆-၁၁-၂၀၂၅ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး မြို့တော်ခန်းမတွင်ပြုလုပ်သော လွှတ်တော်ကိုယ်စားလှယ်လောင်းများအား မိတ်ဆက်ခြင်းနှင့် ရွေးကောက်ပွဲကြေညာစာတမ်း ဖတ်ကြားရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားကို တက်ရောက်လာသူအားလုံးက နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသံပြိုင်သီဆိုဖွင့်လှစ်ပါသည်။ ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်အသီးသီးတွင် ပါတီကိုယ်စားပြု ဝင်ရောက်ရွေးချယ်ကြမည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းများအား တစ်ဦးချင်းစီအလိုက် မိတ်ဆက်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပါသည်။
ထို့နောက် အမရပူရမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းထွန်းဦးက ပါတီ၏ ပြည်သူအတွက်ဆောင်ရွက်ပေးမည့် ရွေးကောက်ပွဲအာမခံချက်အား ဖတ်ကြားရှင်းလင်းတင်ပြပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ ထပ်ဆင့်ရှင်းလင်းပြောကြားပါသည်။ ၎င်းနောက် တက်ရောက်လာသူများထဲမှ သိရှိလိုသည့်အချက်များအား မေးမြန်းကြရာ ပါတီဥက္ကဋ္ဌမှ ပြန်လည်ဖြေကြားပြီး “ပြည်ခိုင်ဖြိုးပါတီ နိုင်ရမည်” ကြွေးကြော်သံများ ကြွေးကြော်၍ အခမ်းအနားကို ညနေ ၄ နာရီအချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ မန္တလေးတိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ်အသီးသီးမှ ပါတီကိုယ်စားပြုဝင်ရောက်ရွေးချယ်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ၊ ဖိတ်ကြားထားသော အဖွဲ့အစည်းအသီးသီးမှ ဧည့်သည်တော်များ၊ ပြည်ခိုင်ဖြိုးပါတီကို ချစ်ခင်မြတ်နိုးကြသူများ စုစုပေါင်းအင်အား (၃၀၀၀)ခန့် တက်ရောက်ခဲ့ကြပါသည်။




