နစ္နာေၾကးအျဖစ္ ေဒၚလာ ၅ ဘီလီယံ ရလိုမႈျဖင့္ ထရမ့္ က ဘီဘီစီကို တရားစြဲသြားမည္ဟုဆို

နစ္နာေၾကးအျဖစ္ ေဒၚလာ ၅ ဘီလီယံ ရလိုမႈျဖင့္ ထရမ့္ က ဘီဘီစီကို တရားစြဲသြားမည္ဟုဆို
================
ဘီဘီစီသတင္းဌာနအေနျဖင့္ ထရမ့္ ၏ မိန႔္ခြန္းေျပာဆိုမႈကို ျပည္သူလူထုအထင္ အျမင္လြဲမွားေစမည့္ ဗီဒီယိုတစ္ပုဒ္အျဖစ္ သင့္ေလ်ာ္မႈမရွိစြာ တည္းျဖတ္ထုတ္လႊင့္ခဲ့ျခင္းႏွင့္ ပတ္သက္၍ နစ္နာေၾကးအျဖစ္ အေမရိကန္ ေဒၚလာ ၅ ဘီလီယံ ရလိုမႈျဖင့္ ဘီဘီစီသတင္းဌာနကို တရားစြဲဆိုသြားမည္ျဖစ္ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ က ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ဘီဘီစီသတင္းဌာနသည္ ထိုျဖစ္စဥ္ႏွင့္ပတ္သက္၍ အႀကီးတန္းတာဝန္ရွိသူမ်ားကို ရာထူးမွဖယ္ရွားၿပီး ျဖစ္ကာ ထရမ့္ ကို ေတာင္းပန္ထားေသာ္လည္း ထရမ့္ ေတာင္းဆိုသည့္ နစ္နာေၾကးေပးရန္ကိုမူ ျငင္းဆိုထားေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ဘီဘီစီသတင္းဌာနသည္ ၎တို႔အေနျဖင့္ မမွန္မကန္လုပ္ထားသည္ကို ဝန္ခံထားေသာေၾကာင့္ တရားစြဲ ဆိုသြားမည္ျဖစ္ေၾကာင္း ထရမ့္ ကေျပာျခင္းျဖစ္ေၾကာင္း သိရသည္။


နစ်နာကြေးအဖြစ် ဒေါ်လာ ၅ ဘီလီယံ ရလိုမှုဖြင့် ထရမ့် က ဘီဘီစီကို တရားစွဲသွားမည်ဟုဆို
================
ဘီဘီစီသတင်းဌာနအနေဖြင့် ထရမ့် ၏ မိန့်ခွန်းပြောဆိုမှုကို ပြည်သူလူထုအထင် အမြင်လွဲမှားစေမည့် ဗီဒီယိုတစ်ပုဒ်အဖြစ် သင့်လျော်မှုမရှိစွာ တည်းဖြတ်ထုတ်လွှင့်ခဲ့ခြင်းနှင့် ပတ်သက်၍ နစ်နာကြေးအဖြစ် အမေရိကန် ဒေါ်လာ ၅ ဘီလီယံ ရလိုမှုဖြင့် ဘီဘီစီသတင်းဌာနကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့ကြောင်း သိရသည်။

ဘီဘီစီသတင်းဌာနသည် ထိုဖြစ်စဉ်နှင့်ပတ်သက်၍ အကြီးတန်းတာဝန်ရှိသူများကို ရာထူးမှဖယ်ရှားပြီး ဖြစ်ကာ ထရမ့် ကို တောင်းပန်ထားသော်လည်း ထရမ့် တောင်းဆိုသည့် နစ်နာကြေးပေးရန်ကိုမူ ငြင်းဆိုထားကြောင်း သိရသည်။

ထို့ကြောင့် ဘီဘီစီသတင်းဌာနသည် ၎င်းတို့အနေဖြင့် မမှန်မကန်လုပ်ထားသည်ကို ဝန်ခံထားသောကြောင့် တရားစွဲ ဆိုသွားမည်ဖြစ်ကြောင်း ထရမ့် ကပြောခြင်းဖြစ်ကြောင်း သိရသည်။