

===========================
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း ဒက္ခိဏသီရိမြို့နယ်ပါတီတာဝန်ရှိသူများ၊ရပ်ကျေး
စည်းရုံးရေးမှူးများနှင့်တွေ့ဆုံဆွေးနွေး
===========================
ဒက္ခိဏသီရိ နိုဝင်ဘာ ၁၂
ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း ဦးမြတ်ဟိန်းသည် ယနေ့ နိုဝင်ဘာ(၁၂)ရက်နေ့ နံနက်ပိုင်းကပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ဒက္ခိဏသိရိမြို့နယ်ပါတီရုံး၌မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ရပ်ကျေးစည်းမှူးများနှင့်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ဒုတိယဥက္ကဋ္ဌမှ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ရပ်ကျေးစည်းမှူးများ၏အရေးပါမှုအခန်းကဏ္ဍနှင့်လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များအားရှင်းလင်းဆွေးနွေးခဲ့ပါသည်။၎င်းနောက်ရပ်ကျေးစည်းမှူးများမှမိမိတို့နယ်မြေအခြေအနေများ၊အောင်နိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့်ကြုံတွေ့ရသောအခက်အခဲများအားတင်ပြဆွေးနွေးခဲ့ကြပါသည်။
တင်ပြဆွေးနွေးမှုများအပေါ် ဒုတိယဥက္ကဋ္ဌမှ ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ပြီး ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များနှင့်အချင်းချင်းစိတ်ဝမ်းမကွဲပဲ
စည်းလုံးညီညွတ်စွာလုပ်ဆောင်ကြရန်လမ်းညွှန်မှာကြားခဲ့ပါသည်။




