ေပ်ာ္ဘြယ္ၿမိဳ႕တြင္ ျပည္ခိုင္ၿဖိဳးပါတီ ကိုယ္စားလွယ္ေလာင္းမ်ား၏ ဆိုင္းဘုတ္စိုက္ထူဖြင့္လွစ္ျခင္းမ်ား ျပဳလုပ္

ေပ်ာ္ဘြယ္ၿမိဳ႕တြင္ ျပည္ခိုင္ၿဖိဳးပါတီ ကိုယ္စားလွယ္ေလာင္းမ်ား၏ ဆိုင္းဘုတ္စိုက္ထူဖြင့္လွစ္ျခင္းမ်ား ျပဳလုပ္
========================
မႏၲေလးတိုင္းေဒသႀကီး၊ ေပ်ာ္ဘြယ္ၿမိဳ႕တြင္ ယေန႔ နံနက္ပိုင္း ျပည္ခိုင္ၿဖိဳးပါတီ ကိုယ္စားလွယ္ေလာင္းမ်ား၏ ဆိုင္းဘုတ္စိုက္ထူဖြင့္လွစ္ျခင္းမ်ား ျပဳလုပ္ခဲ့သည္။

ႏိုဝင္ဘာ (၁၂)ရက္ မနက္က ေပ်ာ္ဘြယ္ၿမိဳ႕တြင္ ျပဳလုပ္သည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား ဆိုင္းဘုတ္စိုက္ထူဖြင့္လွစ္ျခင္း အခမ္းအနားသို႔ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း
ဦးေမာင္ေမာင္ျမင့္၊ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးေသာင္းေအး၊ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေအာင္ႏိုင္ၫြန္႔(FPTP)ႏွင့္ ေဒၚသန္းသန္းေအး(PR)တို႔ တက္ေရာက္ဖြင့္လွစ္ၿပီး အေမႊးနံသာရည္မ်ားပက္ျဖန္း၍ ပါတီေအာင္ႏိုင္ေရး ေႂကြးေၾကာ္သံမ်ား ေႂကြးေၾကာ္၍ ဆိုင္းဘုတ္မ်ားကို ဆိုက္ထူခဲ့ၾကသည္။

ေန႔လည္ပိုင္းတြင္ ျပည္ခိုင္ၿဖိဳးပါတီ ကိုယ္စားျပဳ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေမာင္ေမာင္ျမင့္၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေသာင္းေအး၊ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးေအာင္ႏိုင္ၫႊန္႔ ႏွင့္ ေဒၚသန္းသန္းေအး တို႔က ေပ်ာ္ဘြယ္ၿမိဳ႕ ျမင္းဘက္ရပ္ကြက္၊ ေ႐ႊျပည္ရန္ေအာင္ရပ္ကြက္ႏွင့္ မႏၲေလးတန္းရပ္ကြက္မ်ားရွိ မဲဆႏၵရွင္ျပည္သူမ်ားႏွင့္ ေတြ႕ဆုံခဲ့၍ မဲဆြယ္စည္း႐ုံးျခင္းႏွင့္ မဲေပးမႈစနစ္မ်ားကို ရွင္းလင္းေျပာၾကားခဲ့သည္။


ပျော်ဘွယ်မြို့တွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများ၏ ဆိုင်းဘုတ်စိုက်ထူဖွင့်လှစ်ခြင်းများ ပြုလုပ်
========================
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့တွင် ယနေ့ နံနက်ပိုင်း ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများ၏ ဆိုင်းဘုတ်စိုက်ထူဖွင့်လှစ်ခြင်းများ ပြုလုပ်ခဲ့သည်။

နိုဝင်ဘာ (၁၂)ရက် မနက်က ပျော်ဘွယ်မြို့တွင် ပြုလုပ်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဆိုင်းဘုတ်စိုက်ထူဖွင့်လှစ်ခြင်း အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း
ဦးမောင်မောင်မြင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းအေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ညွန့်(FPTP)နှင့် ဒေါ်သန်းသန်းအေး(PR)တို့ တက်ရောက်ဖွင့်လှစ်ပြီး အမွှေးနံသာရည်များပက်ဖြန်း၍ ပါတီအောင်နိုင်ရေး ကြွေးကြော်သံများ ကြွေးကြော်၍ ဆိုင်းဘုတ်များကို ဆိုက်ထူခဲ့ကြသည်။

နေ့လည်ပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်မောင်မြင့်၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ညွှန့် နှင့် ဒေါ်သန်းသန်းအေး တို့က ပျော်ဘွယ်မြို့ မြင်းဘက်ရပ်ကွက်၊ ရွှေပြည်ရန်အောင်ရပ်ကွက်နှင့် မန္တလေးတန်းရပ်ကွက်များရှိ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံခဲ့၍ မဲဆွယ်စည်းရုံးခြင်းနှင့် မဲပေးမှုစနစ်များကို ရှင်းလင်းပြောကြားခဲ့သည်။