ထိုင္း-ကေမာၻဒီးယားနယ္စပ္တင္းမာမႈျပန္ျမင့္တက္လာ၊ လူတစ္ဦးေသဆုံး

ထိုင္း-ကေမာၻဒီးယားနယ္စပ္တင္းမာမႈျပန္ျမင့္တက္လာ၊ လူတစ္ဦးေသဆုံး
===============
ထိုင္းႏွင့္ ကေမာၻဒီးယားႏိုင္ငံတို႔အၾကား ဗုဒၶဟူးေန႔တြင္ ပဋိပကၡျပင္းထန္လာခဲ့ၿပီး ကေမာၻဒီးယားဘက္ျခမ္း၌ လူတစ္ဦးေသဆုံးခဲ့သည္။
အျငင္းပြားနယ္စပ္ေဒသတြင္ အျပန္အလွန္ပ-စ္ခ-တ္မႈျဖစ္ပြားခဲ့ျခင္းႏွင့္ ပတ္သက္၍ တစ္ဖက္ကိုတစ္ဖက္ အျပစ္ဆိုခဲ့ၾကၿပီး အေမရိကန္ က ၾကားဝင္ေပးခဲ့ေသာ အပ-စ္အခ-တ္ရပ္စဲေရး သေဘာတူညီခ်က္ကို အႏၲရာယ္ရွိလာေစခဲ့သည္။
ဗုဒၶဟူးေန႔ ေဒသစံေတာ္ခ်ိန္ ညေန ၃း၅၀ နာရီတြင္ အျငင္းပြားေနေသာ နယ္စပ္႐ြာအနီး၌ ထိုင္းတပ္မ်ားကစ၍ ပ-စ္ခဲ့ေၾကာင္း ကေမာၻဒီးယားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။
ပ-စ္ခ-တ္မႈတြင္ လူတစ္ဦးေ-သဆုံးကာ သုံးဦးဒ-ဏ္ရာရခဲ့ေၾကာင္း ဝန္ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။
ထိုင္းစစ္တပ္ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ ဝင္ထိုင္းဆူဝရီးကမူ ကေမာၻဒီးယားစစ္သားမ်ားက ထိုင္းႏိုင္ငံဘက္ကို အရင္ဦးစြာပ-စ္ခ-တ္ခဲ့ျခင္းျဖစ္သည္ဟု ေျပာၾကားခဲ့သည္။
“တို-က္ပြဲ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ ထိုင္းတပ္ဖြဲ႕ေတြက အကာအကြယ္ယူၿပီး တုန႔္ျပန္ သတိေပးပ-စ္ခ-တ္မႈလုပ္ခဲ့ပါတယ္” ဟု ၎က ဆိုခဲ့ကာ ထိုင္းဘက္ျခမ္းတြင္ ထိခိုက္က်ဆုံးမႈ မရွိခဲ့ေၾကာင္းႏွင့္ ျဖစ္စဥ္သည္ ၁၀ မိနစ္ခန႔္ၾကာခဲ့ၿပီးေနာက္ ျပန္လည္ၿငိမ္သက္သြားခဲ့ေၾကာင္း ဆက္လက္ေျပာၾကားခဲ့သည္။
ထိုင္းဘက္က ဆာကာအိုျပည္နယ္ ဘန္ေနာင္ယာေကြေက်း႐ြာပိုင္နယ္ေျမျဖစ္သည္ဆိုခဲ့ကာ ကေမာၻဒီးယားဘက္ကလည္း ဘန္ေတးမီယန္ေခ်းျပည္နယ္ရွိ ပေရခ်န္းေက်း႐ြာပိုင္ေျမျဖစ္သည္ဆိုသည့္ အျငင္းပြားနယ္စပ္အေျခခ်ေနရာသည္ ယခင္ကလည္း ႏွစ္ဖက္ထိပ္တိုက္ေတြ႕မႈမ်ားျဖစ္ပြားခဲ့ရာ နယ္ေျမတစ္ခုျဖစ္သည္။
Ref: ႐ိုက္တာ
#Popular
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တင်းမာမှုပြန်မြင့်တက်လာ၊ လူတစ်ဦးသေဆုံး
===============
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ဗုဒ္ဓဟူးနေ့တွင် ပဋိပက္ခပြင်းထန်လာခဲ့ပြီး ကမ္ဘောဒီးယားဘက်ခြမ်း၌ လူတစ်ဦးသေဆုံးခဲ့သည်။
အငြင်းပွားနယ်စပ်ဒေသတွင် အပြန်အလှန်ပ-စ်ခ-တ်မှုဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ တစ်ဖက်ကိုတစ်ဖက် အပြစ်ဆိုခဲ့ကြပြီး အမေရိကန် က ကြားဝင်ပေးခဲ့သော အပ-စ်အခ-တ်ရပ်စဲရေး သဘောတူညီချက်ကို အန္တရာယ်ရှိလာစေခဲ့သည်။
ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ညနေ ၃း၅၀ နာရီတွင် အငြင်းပွားနေသော နယ်စပ်ရွာအနီး၌ ထိုင်းတပ်များကစ၍ ပ-စ်ခဲ့ကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ပ-စ်ခ-တ်မှုတွင် လူတစ်ဦးေ-သဆုံးကာ သုံးဦးဒ-ဏ်ရာရခဲ့ကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်ထိုင်းဆူဝရီးကမူ ကမ္ဘောဒီးယားစစ်သားများက ထိုင်းနိုင်ငံဘက်ကို အရင်ဦးစွာပ-စ်ခ-တ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
“တို-က်ပွဲ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ထိုင်းတပ်ဖွဲ့တွေက အကာအကွယ်ယူပြီး တုန့်ပြန် သတိပေးပ-စ်ခ-တ်မှုလုပ်ခဲ့ပါတယ်” ဟု ၎င်းက ဆိုခဲ့ကာ ထိုင်းဘက်ခြမ်းတွင် ထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်းနှင့် ဖြစ်စဉ်သည် ၁၀ မိနစ်ခန့်ကြာခဲ့ပြီးနောက် ပြန်လည်ငြိမ်သက်သွားခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
ထိုင်းဘက်က ဆာကာအိုပြည်နယ် ဘန်နောင်ယာကွေကျေးရွာပိုင်နယ်မြေဖြစ်သည်ဆိုခဲ့ကာ ကမ္ဘောဒီးယားဘက်ကလည်း ဘန်တေးမီယန်ချေးပြည်နယ်ရှိ ပရေချန်းကျေးရွာပိုင်မြေဖြစ်သည်ဆိုသည့် အငြင်းပွားနယ်စပ်အခြေချနေရာသည် ယခင်ကလည်း နှစ်ဖက်ထိပ်တိုက်တွေ့မှုများဖြစ်ပွားခဲ့ရာ နယ်မြေတစ်ခုဖြစ်သည်။
Ref: ရိုက်တာ
#Popular




