

===========================
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း မဲဒီးကျေးရွာသို့ သွားရောက်၍ ရပ်မိရပ်ဖများ၊ လူမှုရေးပရဟိတအဖွဲ့ခေါင်းဆောင်များ၊ ကာလသားခေါင်းဆောင်၊ အမျိုးသမီးခေါင်းဆောင်များနှင့်တွေ့ဆုံ
===========================
ဒက္ခိဏသီရိ နိုဝင်ဘာ ၁၁
ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း ဦးမြတ်ဟိန်းသည် ဒက္ခိဏသီရိမြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ရီရီဝင်းနှင့်လိုက်ပါ၍ ယနေ့နိုဝင်ဘာ (၁၁)ရက်နေ့ ညနေပိုင်းတွင်ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသိရိမြို့နယ်၊ ချိုင်းကျေးရွာအုပ်စု၊ မဲဒီးကျေးရွာသို့သွားရောက်ကာကျေးရွာရပ်မိရပ်ဖများ၊ လူမှုရေးပရဟိတအဖွဲ့ခေါင်းဆောင်များ၊ ကာလသားခေါင်းဆောင်၊အမျိုးသမိးခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေးအကြောင်းအရာများ၊ ကျန်းမာရေးနှင့်ကလေးငယ်များ ပညာသင်ကြားရေးဆိုင်ရာကိစ္စရပ်များတောင်သူလယ်သမားများ ရင်ဆိုင်ကြုံတွေ့နေရသောအခက်အခဲများကို ရင်းနှီးပွင့်လင်းစွာစကားဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြပါသည်။




