ေအာင္ႏိုင္ေရးအလံတင္အခမ္းအနားႏွင့္ ကိုယ္စားလွယ္ေလာင္းမ်ား ႀကိဳဆိုျခင္းအခမ္းအနားသို႔ ပါတီဥကၠ႒ႏွင့္ အႀကီးအကဲမ်ားတက္ေရာက္

 

ေအာင္ႏိုင္ေရးအလံတင္အခမ္းအနားႏွင့္ ကိုယ္စားလွယ္ေလာင္းမ်ား ႀကိဳဆိုျခင္းအခမ္းအနားသို႔ ပါတီဥကၠ႒ႏွင့္ အႀကီးအကဲမ်ားတက္ေရာက္
====================
ႏိုဝင္ဘာ ၁၁၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ေအာင္ႏိုင္ေရးအလံတင္အခမ္းအနားကို ၁၁-၁၁-၂၀၂၅ ရက္ေန႔ နံနက္ ၀၅၃၀ နာရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ အလံတိုင္ကြင္း၌ က်င္းပျပဳလုပ္ရာ ပါတီဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒မ်ားျဖစ္သည့္ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္ႏွင့္ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ရန္ကုန္တိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး(အေရွ႕ပိုင္း)၊ ျပည္ေထာင္စုနယ္ေျမတို႔မွ ပါတီဥကၠ႒မ်ားႏွင့္ လႊတ္ေတာ္အသီးသီးတြင္ ပါတီကိုယ္စားျပဳဝင္ေရာက္အေ႐ြးခ်ယ္ခံၾကမည့္ ကိုယ္စားလွယ္ေလာင္းမ်ား တက္ေရာက္ၾကပါသည္။

အလံတင္အခမ္းအနားကို ပါတီဥကၠ႒ႏွင့္ အႀကီးအကဲမ်ား၊ ကိုယ္စားလွယ္ေလာင္းမ်ား ေနရာယူျခင္း၊ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အလံကို ဗဟိုအတြင္းေရးမႉး ဦးသူရိန္ေဇာ္၊ ပါတီအလံမ်ားအား ဌာနခ်ဳပ္မႉး ဦးေသာင္းေ႐ႊ၊ ဌာနခ်ဳပ္ ဌာနမႉး ဦးမင္းေမာင္ေမာင္တို႔မွ လႊင့္တင္ပါသည္။ ထို႔ေနာက္ တက္ေရာက္လာသူအားလုံးမွ ႏိုင္ငံေတာ္အလံအား အေလးျပဳၿပီး အလံတင္အခမ္းအနားကို ႐ုပ္သိမ္းခဲ့ပါသည္။

၎ေနာက္ ပါတီကိုယ္စားျပဳဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည့္ ကိုယ္စားလွယ္ေလာင္းမ်ားအား ႀကိဳဆိုျခင္း အခမ္းအနားကို နံနက္ ၀၇၃၀ အခ်ိန္တြင္ ပါတီဌာနခ်ဳပ္ သင္တန္ေက်ာင္းရွိ ျပည္ေထာင္စုခန္းမတြင္ ဆက္လက္က်င္းပါရာ ပါတီဥကၠ႒ ဦးခင္ရီက ႏႈတ္ခြန္းဆက္အမွာစကားေျပာၾကားပါသည္။ ေျပာၾကားရာမွာ မိမိတို႔ပါတီကို ကိုယ္စားျပဳ၍ ကိုယ္စားလွယ္ေလာင္းမ်ားအား ယခုလိုႀကိဳဆိုခြင့္ရသည့္အတြက္ ဝမ္းသာၾကည္ႏူးရပါေၾကာင္း၊ ကိုယ္စားလွယ္ေလာင္းမ်ားအေနနဲ႔ ျပည္သူလူထုအတြက္ လုပ္သင့္လုပ္ထိုက္တာကို ရဲရဲဝံ့ဝံ့ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ေ႐ြးေကာက္ပြဲေကာ္မရွင္ကေန ျပ႒ာန္းထားေသာ ေဆာင္ရန္၊ ေရွာင္ရန္မ်ားကို အထူးဂ႐ုျပဳလိုက္နာၿပီး မဲဆြယ္စည္း႐ုံးၾကရမည္ျဖစ္ေၾကာင္း၊ ပါတီ၏ ေ႐ြးေကာက္ပြဲေၾကညာစာတမ္းတြင္ပါသည့္ အခ်က္မ်ားကို လုပ္ေဆာင္ရန္လိုေၾကာင္း၊ အားလုံးပဲေ႐ြးေကာက္ပြဲ အႏိုင္ရရွိေစေရး ဆုမြန္ေကာင္းေတာင္းအပ္ပါေၾကာင္း ေျပာၾကားၿပီး ျပည္ခိုင္ၿဖိဳးပါတီ ႏိုင္ရမည္ဟူေသာ ေႂကြးေၾကာ္သံအား (၃)ႀကိမ္ေႂကြးေၾကာ္၍ ေအာင္ႏိုင္ေရးအလံတင္ပြဲအခမ္းအနားႏွင့္ ကိုယ္စားလွယ္ေလာင္းမ်ားအား ႀကိဳဆိုျခင္းအခမ္းအနား ေအာင္ျမင္စြာ ၿပီးေျမာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။


အောင်နိုင်ရေးအလံတင်အခမ်းအနားနှင့် ကိုယ်စားလှယ်လောင်းများ ကြိုဆိုခြင်းအခမ်းအနားသို့ ပါတီဥက္ကဋ္ဌနှင့် အကြီးအကဲများတက်ရောက်
====================
နိုဝင်ဘာ ၁၁၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောင်နိုင်ရေးအလံတင်အခမ်းအနားကို ၁၁-၁၁-၂၀၂၅ ရက်နေ့ နံနက် ၀၅၃၀ နာရီအချိန်တွင် ပါတီဌာနချုပ် အလံတိုင်ကွင်း၌ ကျင်းပပြုလုပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်နှင့် ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ပြည်ထောင်စုနယ်မြေတို့မှ ပါတီဥက္ကဋ္ဌများနှင့် လွှတ်တော်အသီးသီးတွင် ပါတီကိုယ်စားပြုဝင်ရောက်အရွေးချယ်ခံကြမည့် ကိုယ်စားလှယ်လောင်းများ တက်ရောက်ကြပါသည်။

အလံတင်အခမ်းအနားကို ပါတီဥက္ကဋ္ဌနှင့် အကြီးအကဲများ၊ ကိုယ်စားလှယ်လောင်းများ နေရာယူခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို ဗဟိုအတွင်းရေးမှူး ဦးသူရိန်ဇော်၊ ပါတီအလံများအား ဌာနချုပ်မှူး ဦးသောင်းရွှေ၊ ဌာနချုပ် ဌာနမှူး ဦးမင်းမောင်မောင်တို့မှ လွှင့်တင်ပါသည်။ ထို့နောက် တက်ရောက်လာသူအားလုံးမှ နိုင်ငံတော်အလံအား အလေးပြုပြီး အလံတင်အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

၎င်းနောက် ပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများအား ကြိုဆိုခြင်း အခမ်းအနားကို နံနက် ၀၇၃၀ အချိန်တွင် ပါတီဌာနချုပ် သင်တန်ကျောင်းရှိ ပြည်ထောင်စုခန်းမတွင် ဆက်လက်ကျင်းပါရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီက နှုတ်ခွန်းဆက်အမှာစကားပြောကြားပါသည်။ ပြောကြားရာမှာ မိမိတို့ပါတီကို ကိုယ်စားပြု၍ ကိုယ်စားလှယ်လောင်းများအား ယခုလိုကြိုဆိုခွင့်ရသည့်အတွက် ဝမ်းသာကြည်နူးရပါကြောင်း၊ ကိုယ်စားလှယ်လောင်းများအနေနဲ့ ပြည်သူလူထုအတွက် လုပ်သင့်လုပ်ထိုက်တာကို ရဲရဲဝံ့ဝံ့ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်ကနေ ပြဋ္ဌာန်းထားသော ဆောင်ရန်၊ ရှောင်ရန်များကို အထူးဂရုပြုလိုက်နာပြီး မဲဆွယ်စည်းရုံးကြရမည်ဖြစ်ကြောင်း၊ ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းတွင်ပါသည့် အချက်များကို လုပ်ဆောင်ရန်လိုကြောင်း၊ အားလုံးပဲရွေးကောက်ပွဲ အနိုင်ရရှိစေရေး ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားပြီး ပြည်ခိုင်ဖြိုးပါတီ နိုင်ရမည်ဟူသော ကြွေးကြော်သံအား (၃)ကြိမ်ကြွေးကြော်၍ အောင်နိုင်ရေးအလံတင်ပွဲအခမ်းအနားနှင့် ကိုယ်စားလှယ်လောင်းများအား ကြိုဆိုခြင်းအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။