အေမရိကန္အထက္လႊတ္ေတာ္က အစိုးရအဖြဲ႕လုပ္ငန္းရပ္ဆိုင္းေနမႈ အဆုံးသတ္ရန္ ႀကိဳတင္ေငြအသုံးျပဳခြင့္ေပး

အေမရိကန္အထက္လႊတ္ေတာ္က အစိုးရအဖြဲ႕လုပ္ငန္းရပ္ဆိုင္းေနမႈ အဆုံးသတ္ရန္ ႀကိဳတင္ေငြအသုံးျပဳခြင့္ေပး
==================
အေမရိကန္ႏိုင္ငံ၌ အစိုးရအဖြဲ႕၏လုပ္ငန္းလည္ပတ္မႈ ရပ္ဆိုင္းေနသည္မွာ ရက္ေပါင္း ၄၀ အတြင္းသို႔ ေရာက္ရွိလာခ်ိန္တြင္ ထိုကဲ့သို႔ အစိုးရအဖြဲ႕လုပ္ငန္းရပ္ဆိုင္းေနမႈ အဆုံးသတ္ေစရန္ရည္႐ြယ္၍ အေမရိကန္အထက္ လႊတ္ေတာ္က အစိုးရအသုံးစရိတ္အတြက္ ႀကိဳတင္ေငြအသုံးျပဳခြင့္ေပးလိုက္ၿပီျဖစ္ေၾကာင္း သိရသည္။
အထက္ လႊတ္ေတာ္သည္ ႏိုဝင္ဘာလ ၉ ရက္ညပိုင္းတြင္ ရီပတ္ဗလစ္ကန္ႏွင့္ ဒီမိုကရက္တစ္တို႔ သေဘာတူထားသည့္ အစိုးရအဖြဲ႕အတြက္ အသုံးစရိတ္ကိုသာ ႀကိဳတင္ေငြအျဖစ္ သတ္မွတ္အသုံးျပဳခြင့္ေပးသည့္ ဆုံးျဖတ္ခ်က္ကို ေထာက္ခံသည့္ ၆၀ ရာခိုင္ႏႈန္းျဖင့္ အတည္ျပဳလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။
ယခုကဲ့သို႔ ႀကိဳတင္ေငြအသုံးျပဳခြင့္ေပးလိုက္ျခင္းေၾကာင့္ အစိုးရအဖြဲ႕ဝန္ႀကီးဌာနမ်ားက လက္ရွိအသုံးျပဳ ေနသည့္ အသုံးစရိတ္ႏႈန္းထားအတိုင္း လာမည့္ႏွစ္ ဇန္နဝါရီလ ၃၀ ရက္အထိ ဆက္လက္အသုံးျပဳခြင့္ရရွိမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ထက္ပို၍ စိုက္ပ်ိဳးေရးဝန္ႀကီးဌာန၊ စစ္မႈထမ္းေဟာင္းေရးရာဝန္ႀကီးဌာန၊ စစ္ဘက္ဆိုင္ရာ တည္ေဆာက္ေရးစီမံကိန္းမ်ားႏွင့္ လႊတ္ေတာ္ႏွစ္ရပ္စလုံး လုပ္ငန္းလည္ပတ္မႈ အတြက္ အသုံးစရိတ္တို႔ကိုမူ ဘ႑ာႏွစ္တစ္ႏွစ္စာ ခြင့္ျပဳေပးထားေၾကာင္း သိရသည္။
ယခုျဖစ္ပြားသည့္ အစိုးရအဖြဲ႕လုပ္ငန္းလည္ပတ္မႈက အေမရိကန္ သမိုင္းတစ္ေလွ်ာက္ အရွည္ၾကာဆုံးအျဖစ္ စံခ်ိန္တင္ခဲ့သည္ဟု ဆင္ဟြာသတင္းဌာန ေဖာ္ျပခ်က္အရ သိရသည္။
အမေရိကန်အထက်လွှတ်တော်က အစိုးရအဖွဲ့လုပ်ငန်းရပ်ဆိုင်းနေမှု အဆုံးသတ်ရန် ကြိုတင်ငွေအသုံးပြုခွင့်ပေး
==================
အမေရိကန်နိုင်ငံ၌ အစိုးရအဖွဲ့၏လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းနေသည်မှာ ရက်ပေါင်း ၄၀ အတွင်းသို့ ရောက်ရှိလာချိန်တွင် ထိုကဲ့သို့ အစိုးရအဖွဲ့လုပ်ငန်းရပ်ဆိုင်းနေမှု အဆုံးသတ်စေရန်ရည်ရွယ်၍ အမေရိကန်အထက် လွှတ်တော်က အစိုးရအသုံးစရိတ်အတွက် ကြိုတင်ငွေအသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
အထက် လွှတ်တော်သည် နိုဝင်ဘာလ ၉ ရက်ညပိုင်းတွင် ရီပတ်ဗလစ်ကန်နှင့် ဒီမိုကရက်တစ်တို့ သဘောတူထားသည့် အစိုးရအဖွဲ့အတွက် အသုံးစရိတ်ကိုသာ ကြိုတင်ငွေအဖြစ် သတ်မှတ်အသုံးပြုခွင့်ပေးသည့် ဆုံးဖြတ်ချက်ကို ထောက်ခံသည့် ၆၀ ရာခိုင်နှုန်းဖြင့် အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ကြိုတင်ငွေအသုံးပြုခွင့်ပေးလိုက်ခြင်းကြောင့် အစိုးရအဖွဲ့ဝန်ကြီးဌာနများက လက်ရှိအသုံးပြု နေသည့် အသုံးစရိတ်နှုန်းထားအတိုင်း လာမည့်နှစ် ဇန်နဝါရီလ ၃၀ ရက်အထိ ဆက်လက်အသုံးပြုခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့ထက်ပို၍ စိုက်ပျိုးရေးဝန်ကြီးဌာန၊ စစ်မှုထမ်းဟောင်းရေးရာဝန်ကြီးဌာန၊ စစ်ဘက်ဆိုင်ရာ တည်ဆောက်ရေးစီမံကိန်းများနှင့် လွှတ်တော်နှစ်ရပ်စလုံး လုပ်ငန်းလည်ပတ်မှု အတွက် အသုံးစရိတ်တို့ကိုမူ ဘဏ္ဍာနှစ်တစ်နှစ်စာ ခွင့်ပြုပေးထားကြောင်း သိရသည်။
ယခုဖြစ်ပွားသည့် အစိုးရအဖွဲ့လုပ်ငန်းလည်ပတ်မှုက အမေရိကန် သမိုင်းတစ်လျှောက် အရှည်ကြာဆုံးအဖြစ် စံချိန်တင်ခဲ့သည်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။



