ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ၊ ဒုတိယဥကၠဌ ဦးမ်ိဳးေဇာ္သိမ္း ပဲခူးတိုင္းေဒသႀကီး(အေနာက္ပိုင္း)အတြင္းရွိ ပါတီဝင္မ်ား၊ ပါတီဝန္းရံသူမ်ားႏွင့္ေတြ႕ဆုံ

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ၊ ဒုတိယဥကၠဌ ဦးမ်ိဳးေဇာ္သိမ္း ပဲခူးတိုင္းေဒသႀကီး(အေနာက္ပိုင္း)အတြင္းရွိ ပါတီဝင္မ်ား၊ ပါတီဝန္းရံသူမ်ားႏွင့္ေတြ႕ဆုံ
================
ျပည္ ႏိုဝင္ဘာ ၈

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဒုတိယဥကၠဌ၊ ေပါက္ေခါင္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးမ်ိဳးေဇာ္သိမ္းသည္ တြဲဖက္အေထြေထြအတြင္းေရးမႈး ေအာင္လံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးတင္ေအာင္ခ်စ္၊ ပန္းေတာင္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးကိုကိုလြင္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးဇင္မင္းထက္၊ ပဲခူးတိုင္းေဒသႀကီး(အေနာက္ပိုင္း)ရွိ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားႏွင့္အတူ ၂၀၂၅ ခုႏွစ္၊ ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္ ျပည္ၿမိဳ႕၌ ပါတီဝင္မ်ား၊ ပါတီဝန္းရံသူမ်ားႏွင့္ ေတြ႕ဆုံခဲ့ပါသည္။

အခမ္းအနားသို႔ ပဲခူးတိုင္းေဒသႀကီး(အေနာက္ပိုင္း) ပါတီတာဝန္ရွိသူမ်ား၊ ခ႐ိုင္/ၿမိဳ႕နယ္အလိုက္ပါတီေကာ္မတီဝင္မ်ား၊ ရပ္ေက်းစည္း႐ုံးေရးမႈးမ်ား၊ ပါတီဝင္မ်ား၊ ပါတီဝန္းရံေထာက္ခံသူမ်ား၊ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကပါသည္။

အဆိုပါ အခမ္းအနားတြင္ ကိုယ္စားလွယ္ေလာင္းမ်ားႏွင့္တက္ေရာက္လာၾကသူမ်ားသည္ ေရွးဦးစြာ ႏိုင္ငံေတာ္အလံအား အေလးျပဳ၍ ႏိုင္ငံေတာ္သီခ်င္းသီဆိုခဲ့ပါသည္။ ထို႔ေနာက္ ကိုယ္စားလွယ္ေလာင္းမ်ားက တက္ေရာက္လာၾကသူမ်ားအား တစ္ဦးခ်င္းမိတ္ဆက္၍ ႏႈတ္ခြန္းဆက္စကားမ်ားေျပာၾကားခဲ့ပါသည္။

ထို႔ေနာက္ ဒုတိယဥကၠဌ၊ ေပါက္ေခါင္းၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း
ဦးမ်ိဳးေဇာ္သိမ္းက ပါတီ၏ေ႐ြးေကာက္ပြဲေၾကညာစာတမ္းႏွင့္ပတ္သက္၍ အက်ယ္တဝင့္ ရွင္းလင္းေျပာၾကားခဲ့ၿပီး ဦးတင္ေအာင္ခ်စ္၊ ဦးကိုကိုလြင္၊ ဦးဇင္မင္းထက္၊ ဦးေအာင္ခ်ိဳဦးတို႔မွ ျဖည့္စြက္ေျပာၾကားခဲ့ပါသည္။

ထို႔ေနာက္ ဒုတိယဥကၠဌသည္ တက္ေရာက္လာၾကသူမ်ားမွ သိလိုသည့္ ေမးျမန္းမႈအေပၚ ျပန္လည္ေျဖၾကားခဲ့ၿပီး လိုအပ္သည္မ်ားေပါင္းစပ္ျဖည့္စြက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယဥက္ကဌ ဦးမျိုးဇော်သိမ်း ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)အတွင်းရှိ ပါတီဝင်များ၊ ပါတီဝန်းရံသူများနှင့်တွေ့ဆုံ
================
ပြည် နိုဝင်ဘာ ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးဇော်သိမ်းသည် တွဲဖက်အထွေထွေအတွင်းရေးမှုး အောင်လံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်အောင်ချစ်၊ ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကိုကိုလွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇင်မင်းထက်၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ရှိ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်အတူ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြည်မြို့၌ ပါတီဝင်များ၊ ပါတီဝန်းရံသူများနှင့် တွေ့ဆုံခဲ့ပါသည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အလိုက်ပါတီကော်မတီဝင်များ၊ ရပ်ကျေးစည်းရုံးရေးမှုးများ၊ ပါတီဝင်များ၊ ပါတီဝန်းရံထောက်ခံသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

အဆိုပါ အခမ်းအနားတွင် ကိုယ်စားလှယ်လောင်းများနှင့်တက်ရောက်လာကြသူများသည် ရှေးဦးစွာ နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုခဲ့ပါသည်။ ထို့နောက် ကိုယ်စားလှယ်လောင်းများက တက်ရောက်လာကြသူများအား တစ်ဦးချင်းမိတ်ဆက်၍ နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဥက္ကဌ၊ ပေါက်ခေါင်းမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
ဦးမျိုးဇော်သိမ်းက ပါတီ၏ရွေးကောက်ပွဲကြေညာစာတမ်းနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ဦးတင်အောင်ချစ်၊ ဦးကိုကိုလွင်၊ ဦးဇင်မင်းထက်၊ ဦးအောင်ချိုဦးတို့မှ ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဥက္ကဌသည် တက်ရောက်လာကြသူများမှ သိလိုသည့် မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ဖြည့်စွက်ခဲ့ကြောင်း သတင်းရရှိပါသည်။