အုပ္စုအဖြင့္ပြဲစဥ္မွာပင္ ျမန္မာအသင္း (၅) ဂိုးျပတ္ျဖင့္ ရႈးနိမ့္

အုပ္စုအဖြင့္ပြဲစဥ္မွာပင္ ျမန္မာအသင္း (၅) ဂိုးျပတ္ျဖင့္ ရႈးနိမ့္
=====================
အာရွအမ်ိဳးသမီးခ်န္ပီယံလိဂ္ေဘာလုံးၿပိဳင္ပြဲရဲ႕ အုပ္စုအဖြင့္ပြဲစဥ္အတြင္းမွာပင္ ျမန္မာအမ်ိဳးသမီးအသင္း (ISPE) ဟာ ေတာင္ကိုရီးယားအမ်ိဳးသမီးအသင္း (Suwon FC) အသင္းကို (၅) ဂိုးျပတ္ျဖင့္ ရႈးနိမ့္ခဲ့ၿပီျဖစ္ပါတယ္။
ယေန႔ပြဲစဥ္တေလ်ာက္ ေတာင္ကိုရီးယားအသင္းက ဖိအားေပးကစားတာနဲ႔အတူ ျမန္မာအသင္းဟာ ပထမပိုင္းပြဲခ်ိန္ နာက်င္အခ်ိန္ပို သုံးမိနစ္အတြင္း (၁)ဂိုးသြင္းခံလိုက္ရပါတယ္။
ဒုတိယပိုင္းပြဲခ်ိန္မွာေတာ့ ေတာင္ကိုရီးယားအသင္းဟာ ပြဲခ်ိန္ (၅၅) မိနစ္၊ (၅၈) မိနစ္၊ (၇၃) မိနစ္နဲ႔ (၈၂) မိနစ္တိုမွာ ေလးဂိုးဆက္တိုက္သြင္းယူခဲ့တာေၾကာင့္ ပြဲစဥ္တေလွ်ာက္ (၅) ဂိုးျပတ္သြင္းယူခဲ့ၿပီး၊ ျမန္မာအသင္းဟာ ေခ်ပဂိုးသြင္းယူႏိုင္ျခင္းမရွိခဲ့ပါဘူး။
ျမန္မာအသင္းဟာ ႏိုဝင္ဘာ (၁၂) ရက္၊ ညေန (၃) နာရီအခ်ိန္မွာ ဂ်ပန္ကလပ္ Tokyo Verdy၊ ႏိုဝင္ဘာ (၁၅) ရက္ ည (၇) နာရီအခ်ိန္မွာ ေျမာက္ကိုရီးယားကလပ္ Naegohyang အသင္းတိုနဲ႔ ထပ္မံယွဥ္ၿပိဳင္သြားၾကမွာလည္း ျဖစ္ပါတယ္။
အုပ်စုအဖွင့်ပွဲစဥ်မှာပင် မြန်မာအသင်း (၅) ဂိုးပြတ်ဖြင့် ရှုးနိမ့်
=====================
အာရှအမျိုးသမီးချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲစဉ်အတွင်းမှာပင် မြန်မာအမျိုးသမီးအသင်း (ISPE) ဟာ တောင်ကိုရီးယားအမျိုးသမီးအသင်း (Suwon FC) အသင်းကို (၅) ဂိုးပြတ်ဖြင့် ရှုးနိမ့်ခဲ့ပြီဖြစ်ပါတယ်။
ယနေ့ပွဲစဉ်တလျောက် တောင်ကိုရီးယားအသင်းက ဖိအားပေးကစားတာနဲ့အတူ မြန်မာအသင်းဟာ ပထမပိုင်းပွဲချိန် နာကျင်အချိန်ပို သုံးမိနစ်အတွင်း (၁)ဂိုးသွင်းခံလိုက်ရပါတယ်။
ဒုတိယပိုင်းပွဲချိန်မှာတော့ တောင်ကိုရီးယားအသင်းဟာ ပွဲချိန် (၅၅) မိနစ်၊ (၅၈) မိနစ်၊ (၇၃) မိနစ်နဲ့ (၈၂) မိနစ်တိုမှာ လေးဂိုးဆက်တိုက်သွင်းယူခဲ့တာကြောင့် ပွဲစဉ်တလျှောက် (၅) ဂိုးပြတ်သွင်းယူခဲ့ပြီး၊ မြန်မာအသင်းဟာ ချေပဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။
မြန်မာအသင်းဟာ နိုဝင်ဘာ (၁၂) ရက်၊ ညနေ (၃) နာရီအချိန်မှာ ဂျပန်ကလပ် Tokyo Verdy၊ နိုဝင်ဘာ (၁၅) ရက် ည (၇) နာရီအချိန်မှာ မြောက်ကိုရီးယားကလပ် Naegohyang အသင်းတိုနဲ့ ထပ်မံယှဉ်ပြိုင်သွားကြမှာလည်း ဖြစ်ပါတယ်။




