ဘာစီလိုနာမွာ ေနမာရဲ႕ ဂိုးသြင္းစံခ်ိန္ကို ေက်ာ္ျဖတ္သြားတဲ့ လီဝန္ေဒါစကီး

ဘာစီလိုနာမွာ ေနမာရဲ႕ ဂိုးသြင္းစံခ်ိန္ကို ေက်ာ္ျဖတ္သြားတဲ့ လီဝန္ေဒါစကီး
================
ဘာစီလိုနာအသင္းရဲ႕ ပိုလန္တိုက္စစ္မႉး လီဝန္ေဒါစကီးဟာ ဆယ္လ္တာဗီဂိုနဲ႔ပြဲမွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့တာေၾကာင့္ ဘာစီလိုနာမွာ ကစားစဥ္ ေနမာသြင္းယူခဲ့တဲ့ ဂိုးအေရအတြက္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း သိရပါတယ္။
ဘာစီလိုနာအသင္းရဲ႕ ၾကယ္ပြင့္ကစားသမားတစ္ဦးျဖစ္ခဲ့တဲ့ ဘရာဇီးလ္တိုက္စစ္မႉး ေနမာဟာ ဘာစီလိုနာအသင္းမွာ (၄)ရာသီၾကာ ကစားခဲ့စဥ္အတြင္း ၿပိဳင္ပြဲစုံ(၁၈၆)ပြဲ ယွဥ္ၿပိဳင္ကစားၿပီး (၁၀၅)ဂိုး သြင္းယူခဲ့တာပါ။
လီဝန္ေဒါစကီးအတြက္လည္း ဒီရာသီက ဘာစီလိုနာကစားသမားဘဝ (၄)ရာသီေျမာက္ျဖစ္ၿပီး (၁၅၉)ပြဲ ယွဥ္ၿပိဳင္ၿပီးခ်ိန္မွာ (၁၀၈)ဂိုး သြင္းယူႏိုင္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။
လီဝန္ေဒါစကီးဟာ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ တစ္လၾကာအနားယူခဲ့ရၿပီး ပထမဆုံးအႀကိမ္ ပြဲထြက္ကစားသမားအျဖစ္ ျပန္ကစားတဲ့ပြဲမွာပဲ ဟက္ထရစ္သြင္းယူႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။
ဒါဟာ သူ႔အတြက္ လာလီဂါမွာ (၃)ႀကိမ္ေျမာက္ သြင္းယူႏိုင္တဲ့ ဟက္ထရစ္ျဖစ္ၿပီး ပြဲအၿပီးမွာ လီဝန္ေဒါစကီးက ”ကြၽန္ေတာ္တို႔ အရမ္းေပ်ာ္ပါတယ္။ ဗီဂိုက ကြၽန္ေတာ္တို႔အတြက္ အၿမဲတမ္းကစားရခက္တဲ့ေနရာတစ္ခုပါ။ အခု ကြၽန္ေတာ္တို႔ ရီးယဲလ္မက္ဒရစ္နဲ႔ အမွတ္နည္းနည္းပဲ ကြာဟပါေတာ့တယ္။ ႏိုင္ငံတကာရက္သတၱပတ္ၿပီးရင္ ကြၽန္ေတာ္တို႔ ပိုေကာင္းလာမွာပါ” လို႔ ေျပာၾကားခဲ့ပါတယ္။
ဘာစီလိုနာမှာ နေမာရဲ့ ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်သွားတဲ့ လီဝန်ဒေါစကီး
================
ဘာစီလိုနာအသင်းရဲ့ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ဆယ်လ်တာဗီဂိုနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာကြောင့် ဘာစီလိုနာမှာ ကစားစဉ် နေမာသွင်းယူခဲ့တဲ့ ဂိုးအရေအတွက်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ ဘာစီလိုနာအသင်းမှာ (၄)ရာသီကြာ ကစားခဲ့စဉ်အတွင်း ပြိုင်ပွဲစုံ(၁၈၆)ပွဲ ယှဉ်ပြိုင်ကစားပြီး (၁၀၅)ဂိုး သွင်းယူခဲ့တာပါ။
လီဝန်ဒေါစကီးအတွက်လည်း ဒီရာသီက ဘာစီလိုနာကစားသမားဘဝ (၄)ရာသီမြောက်ဖြစ်ပြီး (၁၅၉)ပွဲ ယှဉ်ပြိုင်ပြီးချိန်မှာ (၁၀၈)ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
လီဝန်ဒေါစကီးဟာ တံကောက်ကြောဒဏ်ရာကြောင့် တစ်လကြာအနားယူခဲ့ရပြီး ပထမဆုံးအကြိမ် ပွဲထွက်ကစားသမားအဖြစ် ပြန်ကစားတဲ့ပွဲမှာပဲ ဟက်ထရစ်သွင်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒါဟာ သူ့အတွက် လာလီဂါမှာ (၃)ကြိမ်မြောက် သွင်းယူနိုင်တဲ့ ဟက်ထရစ်ဖြစ်ပြီး ပွဲအပြီးမှာ လီဝန်ဒေါစကီးက ”ကျွန်တော်တို့ အရမ်းပျော်ပါတယ်။ ဗီဂိုက ကျွန်တော်တို့အတွက် အမြဲတမ်းကစားရခက်တဲ့နေရာတစ်ခုပါ။ အခု ကျွန်တော်တို့ ရီးယဲလ်မက်ဒရစ်နဲ့ အမှတ်နည်းနည်းပဲ ကွာဟပါတော့တယ်။ နိုင်ငံတကာရက်သတ္တပတ်ပြီးရင် ကျွန်တော်တို့ ပိုကောင်းလာမှာပါ” လို့ ပြောကြားခဲ့ပါတယ်။




