ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြထွန်းဦး မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံ


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြထွန်းဦး မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံ
===========================
ပြည်ခိုင်ဖြိုးပါတီ မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြထွန်းဦးနှင့် ကိုယ်စားလောင်းများသည် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အောင်ချမ်းသာကျေးရွာအုပ်စုနှင့် ကျောက်ဖျာဒိုးကျေးရွာအတွင်းမှ မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် ဦးမြထွန်းဦး က တပ်မတော်တွင် တာဝန်ထမ်းဆောင်ရင်း လေ့လာဆည်းပူးခဲ့ရသည်များ၊ ယခုအခါ တပ်မတော်မှ အနားယူ၍ ရွေးကောက်ပွဲဝင်ရခြင်း အကြောင်းများကို ရှင်းလင်းပြောကြားသည်။
အခြားသော ကိုယ်စားလှယ်များကလည်း မိမိတိုအတွေအကြုံနှင့် မိမိတို ဆောင်ရွက်ပေးခိုသည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးကြသည်။
မဲဆန္ဒရှင်ပြည်သူများမှ မိမိတိုဒေသ လိုအပ်ချက်များကို အပြန်အလှန် ဆွေးနွေးပြောဆိုခဲ့ကြောင်း သတင်းရရှိပါသည်။




