ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ဥကၠ႒ဖလား ေဘာလုံးၿပိဳင္ပြဲ ဖြင့္ပြဲအခမ္းအနားက်င္းပ

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ဥကၠ႒ဖလား ေဘာလုံးၿပိဳင္ပြဲ ဖြင့္ပြဲအခမ္းအနားက်င္းပ
=============================
ႏိုဝင္ဘာ ၅၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးတင္ဦးလြင္ႏွင့္အတူ ၂၀၂၅ ခုႏွစ္၊ ႏိုဝင္ဘာလ ၅ ရက္ေန႔ ေန႔လည္ ၂ နာရီအခ်ိန္တြင္ ေဇယ်ာသီရိၿမိဳနယ္၊ ပုပၸားကုန္းရပ္ကြက္ရွိ အားကစားကြင္းတြင္ က်င္းပျပဳလုပ္ေသာ “ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ဥကၠ႒ဖလား ေဘာလုံးၿပိဳင္ပြဲ” ဖြင့္ပြဲအခမ္းအနားသို တက္ေရာက္ခဲ့ပါသည္။

အခမ္းအနားကို ႏိုင္ငံေတာ္အလံအေလးျပဳ၍ ႏိုင္ငံေတာ္သီခ်င္းသီဆိုဖြင့္လွစ္ၿပီး ပါတီဥကၠ႒ ဦးခင္ရီမွ ေဘာလုံးအသင္းမ်ားအား အမွာစကားေျပာၾကားရာ “လူငယ္မ်ားအား က်န္းမာသန္စြမ္းစြာျဖင့္ အားကစားေခါင္းစဥ္ေအာက္တြင္ ေတြ႕ရလို ၾကည္ႏူးရပါေၾကာင္း၊ လူငယ္ဆိုတာ မိသားစုအတြက္ အားထားရာ၊ တိုင္းျပည္အတြက္ အနာဂတ္ျဖစ္ေၾကာင္း၊ ဒီေန႔ေတြ႕ရတဲ့လူငယ္ေတြဟာ ျပည္ခိုင္ၿဖိဳးပါတီအတြက္ အားထားရမယ့္ လူငယ္မ်ားျဖစ္ေၾကာင္း၊ အထူးသျဖင့္ ေဘာလုံးအားကစားနည္းဟာ အဖြဲအစည္းစိတ္ဓါတ္၊ အေပးအယူမွ်တမႈ၊ စည္းကမ္းလိုက္နာမႈတိုကို ေဖာ္ေဆာင္ေပးေၾကာင္း၊ မိမိအသင္းေအာင္ပြဲရရွိေရးအျပင္ ေဒသအတြက္ ႏိုင္ငံအတြက္ အားထားရေသာ အားကစားသမားေကာင္းမ်ားေပၚထြက္လာေစေရး ႀကိဳးစားၾကရန္လိုေၾကာင္း” ေျပာၾကားပါသည္။

၎ေနာက္ အဖြင့္ပြဲစဥ္ျဖစ္သည့္ ျပည္စံေအာင္ရပ္ကြက္အသင္းႏွင့္ မအူေတာအုပ္စုအသင္းတို၏ ယွဥ္ၿပိဳင္မႈအား အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးတင္ဦးလြင္မွ ဖြင့္လွစ္ေပးခဲ့ၿပီး ပါတီဥကၠ႒ ဦးခင္ရီ၊ အမ်ိဳးလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးတင္ဦးလြင္ႏွင့္ ေဘာလုံးအားကစားခ်စ္ျမတ္ႏိုးသည့္ ျပည္သူမ်ားမွ ျပည္စံေအာင္ရပ္ကြက္အသင္းႏွင့္ မအူေတာအုပ္စုအသင္းတို၏ ယွဥ္ၿပိဳင္ကစားၾကမႈအား ၾကည့္ရႈအားေပးခဲ့ပါသည္။

အဆိုပါ “ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ဥကၠ႒ဖလား ေဘာလုံးၿပိဳင္ပြဲ” ကို ေဇယ်ာသီရိၿမိဳနယ္အတြင္းရွိ ရပ္ကြက္ (၃)ရပ္ကြက္၊ ေက်း႐ြာအုပ္စု (၁၃)အုပ္စုတိုမွ အသင္းေပါင္း (၁၆)သင္းဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
=============================
နိုဝင်ဘာ ၅၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင်နှင့်အတူ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ဇေယျာသီရိမြိုနယ်၊ ပုပ္ပားကုန်းရပ်ကွက်ရှိ အားကစားကွင်းတွင် ကျင်းပပြုလုပ်သော “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားသို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ ဘောလုံးအသင်းများအား အမှာစကားပြောကြားရာ “လူငယ်များအား ကျန်းမာသန်စွမ်းစွာဖြင့် အားကစားခေါင်းစဉ်အောက်တွင် တွေ့ရလို ကြည်နူးရပါကြောင်း၊ လူငယ်ဆိုတာ မိသားစုအတွက် အားထားရာ၊ တိုင်းပြည်အတွက် အနာဂတ်ဖြစ်ကြောင်း၊ ဒီနေ့တွေ့ရတဲ့လူငယ်တွေဟာ ပြည်ခိုင်ဖြိုးပါတီအတွက် အားထားရမယ့် လူငယ်များဖြစ်ကြောင်း၊ အထူးသဖြင့် ဘောလုံးအားကစားနည်းဟာ အဖွဲအစည်းစိတ်ဓါတ်၊ အပေးအယူမျှတမှု၊ စည်းကမ်းလိုက်နာမှုတိုကို ဖော်ဆောင်ပေးကြောင်း၊ မိမိအသင်းအောင်ပွဲရရှိရေးအပြင် ဒေသအတွက် နိုင်ငံအတွက် အားထားရသော အားကစားသမားကောင်းများပေါ်ထွက်လာစေရေး ကြိုးစားကြရန်လိုကြောင်း” ပြောကြားပါသည်။

၎င်းနောက် အဖွင့်ပွဲစဉ်ဖြစ်သည့် ပြည်စံအောင်ရပ်ကွက်အသင်းနှင့် မအူတောအုပ်စုအသင်းတို၏ ယှဉ်ပြိုင်မှုအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင်မှ ဖွင့်လှစ်ပေးခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင်နှင့် ဘောလုံးအားကစားချစ်မြတ်နိုးသည့် ပြည်သူများမှ ပြည်စံအောင်ရပ်ကွက်အသင်းနှင့် မအူတောအုပ်စုအသင်းတို၏ ယှဉ်ပြိုင်ကစားကြမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။

အဆိုပါ “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ” ကို ဇေယျာသီရိမြိုနယ်အတွင်းရှိ ရပ်ကွက် (၃)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၃)အုပ်စုတိုမှ အသင်းပေါင်း (၁၆)သင်းဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။