ရထားလက္မွတ္မ်ားကို ဖုန္းမွတစ္ဆင့္ ႀကိဳတင္ဝယ္ယူႏိုင္ၿပီ

ရထားလက္မွတ္မ်ားကို ဖုန္းမွတစ္ဆင့္ ႀကိဳတင္ဝယ္ယူႏိုင္ၿပီ
=================
ရန္ကုန္-ေနျပည္ေတာ္-မႏၲေလးလမ္းပိုင္းတြင္ ေျပးဆြဲလ်က္ရွိတဲ့ အမွတ္(၇)အဆန္၊ (၈)အစုန္၊ အမွတ္(၃၁) အဆန္/(၃၂)အစုန္ DEMU ရထားမ်ားႏွင့္ အမွတ္(၂၇)အဆန္/(၂၈)အစုန္ RBE ရထားမ်ားႏွင့္ စီးနင္းလိုက္ပါလိုသူ ခရီးသြားျပည္သူမ်ားအေနနဲ႔ လိုက္ပါစီးနင္းလိုသည့္ ခရီးစဥ္မ်ားအတြက္ ရထားလက္မွတ္မ်ားကို ဖုန္းမွတစ္ဆင့္ ႀကိဳတင္ဝယ္ယူႏိုင္ၿပီျဖစ္ေၾကာင္း ျမန္မာ့မီးရထားမွ အသိေပးေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။
ရထားလက္မွတ္မ်ားကို ခရီးသြားမည့္ရက္မတိုင္မီ (၅)ရက္ႀကိဳတင္၍ သက္ဆိုင္ရာဘူတာမ်ားသို႔ ခရီးသြားမည့္ သူ၏ အမည္၊ ႏိုင္ငံသားစိစစ္ေရးကဒ္အမွတ္၊ ရထားစီးနင္း လိုက္ပါလိုသည့္ ေန႔ရက္၊ ခရီးစဥ္၊ ရထားအမွတ္ႏွင့္ တြဲအတန္းအစားတို႔ကို ဆက္သြယ္အေၾကာင္းၾကားရမွာျဖစ္ပါတယ္။
ခရီးသြားမည့္ရက္မတိုင္မီ (၃)ရက္အလိုတြင္ ဖုန္းျဖင့္ထပ္မံဆက္သြယ္၍ သက္ဆိုင္ရာဝန္ထမ္းထံမွ ခရီးစဥ္အတြက္ ထိုင္ခုံေနရာလစ္လပ္မႈ ရွိ/မရွိႏွင့္ လစ္လပ္မႈ ရွိပါက Viber မွတစ္ဆင့္ လက္မွတ္က်သင့္ေငြႏွင့္ MMQR Code အား ဆက္သြယ္ရယူရမွာ ျဖစ္ပါတယ္။
က်သင့္ေငြကို မည္သည့္ Online Payment အမ်ိဳးအစားႏွင့္မဆို ေငြေပးေခ်ႏိုင္မွာျဖစ္ၿပီး ေငြေပးသြင္း ၿပီးေၾကာင္း အေထာက္အထားကို (၁)နာရီအတြင္း Screenshot ျပဳလုပ္ကာ သက္ဆိုင္ရာဖုန္းသို႔ Viber မွတစ္ဆင့္ ျပန္လည္ေပးပို႔ ေပးရမွာျဖစ္ပါတယ္။
မီးရထားဝန္ထမ္းက ေငြေပးေခ်ၿပီးေၾကာင္း အေထာက္အထားရရွိပါက ခရီးသြားမည့္သူထံသို႔ စီးနင္းလိုက္ပါမည့္ခရီးစဥ္ပါ တြဲ/ထိုင္ခုံနံပါတ္တို႔အား ျပန္လည္ေပးပို႔ေပးမွာ ျဖစ္ပါတယ္။
ခရီးသြားမည့္သူက သက္ဆိုင္ရာဘူတာသို႔ ရထားမထြက္မီ(၁)နာရီအလို ႀကိဳတင္လာေရာက္၍ ဘူတာလက္မွတ္႐ုံတြင္ ေငြေပးသြင္းၿပီးေၾကာင္း အေထာက္အထားကို ျပသ၍ ရထားလက္မွတ္ကို ေတာင္းခံထုတ္ယူရမွာျဖစ္ပါတယ္။
ဒါ့အျပင္ ခရီးသြားျပည္သူမ်ားအေနနဲ႔ ရထားလက္မွတ္မ်ားအား ပိုမိုအဆင္ေျပစြာ ဝယ္ယူႏိုင္ရန္ ျမန္မာ့ မီးရထားက ရထားလက္မွတ္မ်ားအား Online မွ ေရာင္းခ်ျခင္းႏွင့္ ေငြေပးေခ်ျခင္း(Online Railway Ticketing and Payment System-ORTP)စနစ္ကို အေကာင္အထည္ေဖာ္ႏိုင္ေရး ႀကိဳတင္ျပင္ဆင္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ လ်က္ရွိေနၿပီး မၾကာမီကာလအတြင္း ရန္ကုန္-မႏၲေလး ရထားလမ္းပိုင္းတြင္ ေျပးဆြဲေပးေနေသာ လူစီးရထားမ်ားအတြက္ ေရွ႕ေျပးစမ္းသပ္အစီအစဥ္အျဖစ္ ေဆာင္႐ြက္ လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရပါတယ္။
ရထားလက္မွတ္ဝယ္ယူမႈႏွင့္ပတ္သက္၍ လက္မွတ္ခအပိုေၾကးေပးရျခင္းႏွင့္ လက္မွတ္ေမွာင္ခိုဝယ္ယူ ရျခင္းမ်ား ႀကဳံေတြ႕ရပါက ဆက္သြယ္တိုင္ၾကားရန္ ဖုန္းနံပါတ္မ်ားကိုလည္း ထုတ္ျပန္ထားရွိပါတယ္။
PAN
__________________
ရထားလက်မှတ်များကို ဖုန်းမှတစ်ဆင့် ကြိုတင်ဝယ်ယူနိုင်ပြီ
=================
ရန်ကုန်-နေပြည်တော်-မန္တလေးလမ်းပိုင်းတွင် ပြေးဆွဲလျက်ရှိတဲ့ အမှတ်(၇)အဆန်၊ (၈)အစုန်၊ အမှတ်(၃၁) အဆန်/(၃၂)အစုန် DEMU ရထားများနှင့် အမှတ်(၂၇)အဆန်/(၂၈)အစုန် RBE ရထားများနှင့် စီးနင်းလိုက်ပါလိုသူ ခရီးသွားပြည်သူများအနေနဲ့ လိုက်ပါစီးနင်းလိုသည့် ခရီးစဉ်များအတွက် ရထားလက်မှတ်များကို ဖုန်းမှတစ်ဆင့် ကြိုတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ အသိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။
ရထားလက်မှတ်များကို ခရီးသွားမည့်ရက်မတိုင်မီ (၅)ရက်ကြိုတင်၍ သက်ဆိုင်ရာဘူတာများသို့ ခရီးသွားမည့် သူ၏ အမည်၊ နိုင်ငံသားစိစစ်ရေးကဒ်အမှတ်၊ ရထားစီးနင်း လိုက်ပါလိုသည့် နေ့ရက်၊ ခရီးစဉ်၊ ရထားအမှတ်နှင့် တွဲအတန်းအစားတို့ကို ဆက်သွယ်အကြောင်းကြားရမှာဖြစ်ပါတယ်။
ခရီးသွားမည့်ရက်မတိုင်မီ (၃)ရက်အလိုတွင် ဖုန်းဖြင့်ထပ်မံဆက်သွယ်၍ သက်ဆိုင်ရာဝန်ထမ်းထံမှ ခရီးစဉ်အတွက် ထိုင်ခုံနေရာလစ်လပ်မှု ရှိ/မရှိနှင့် လစ်လပ်မှု ရှိပါက Viber မှတစ်ဆင့် လက်မှတ်ကျသင့်ငွေနှင့် MMQR Code အား ဆက်သွယ်ရယူရမှာ ဖြစ်ပါတယ်။
ကျသင့်ငွေကို မည်သည့် Online Payment အမျိုးအစားနှင့်မဆို ငွေပေးချေနိုင်မှာဖြစ်ပြီး ငွေပေးသွင်း ပြီးကြောင်း အထောက်အထားကို (၁)နာရီအတွင်း Screenshot ပြုလုပ်ကာ သက်ဆိုင်ရာဖုန်းသို့ Viber မှတစ်ဆင့် ပြန်လည်ပေးပို့ ပေးရမှာဖြစ်ပါတယ်။
မီးရထားဝန်ထမ်းက ငွေပေးချေပြီးကြောင်း အထောက်အထားရရှိပါက ခရီးသွားမည့်သူထံသို့ စီးနင်းလိုက်ပါမည့်ခရီးစဉ်ပါ တွဲ/ထိုင်ခုံနံပါတ်တို့အား ပြန်လည်ပေးပို့ပေးမှာ ဖြစ်ပါတယ်။
ခရီးသွားမည့်သူက သက်ဆိုင်ရာဘူတာသို့ ရထားမထွက်မီ(၁)နာရီအလို ကြိုတင်လာရောက်၍ ဘူတာလက်မှတ်ရုံတွင် ငွေပေးသွင်းပြီးကြောင်း အထောက်အထားကို ပြသ၍ ရထားလက်မှတ်ကို တောင်းခံထုတ်ယူရမှာဖြစ်ပါတယ်။
ဒါ့အပြင် ခရီးသွားပြည်သူများအနေနဲ့ ရထားလက်မှတ်များအား ပိုမိုအဆင်ပြေစွာ ဝယ်ယူနိုင်ရန် မြန်မာ့ မီးရထားက ရထားလက်မှတ်များအား Online မှ ရောင်းချခြင်းနှင့် ငွေပေးချေခြင်း(Online Railway Ticketing and Payment System-ORTP)စနစ်ကို အကောင်အထည်ဖော်နိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက် လျက်ရှိနေပြီး မကြာမီကာလအတွင်း ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် ပြေးဆွဲပေးနေသော လူစီးရထားများအတွက် ရှေ့ပြေးစမ်းသပ်အစီအစဉ်အဖြစ် ဆောင်ရွက် လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ရထားလက်မှတ်ဝယ်ယူမှုနှင့်ပတ်သက်၍ လက်မှတ်ခအပိုကြေးပေးရခြင်းနှင့် လက်မှတ်မှောင်ခိုဝယ်ယူ ရခြင်းများ ကြုံတွေ့ရပါက ဆက်သွယ်တိုင်ကြားရန် ဖုန်းနံပါတ်များကိုလည်း ထုတ်ပြန်ထားရှိပါတယ်။
PAN





