မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး တန္ေဆာင္တိုင္မီးထြန္းပြဲေတာ္ႏွင့္ ေဈးေရာင္းပြဲေတာ္ က်င္းပမည္

မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး တန္ေဆာင္တိုင္မီးထြန္းပြဲေတာ္ႏွင့္ ေဈးေရာင္းပြဲေတာ္ က်င္းပမည္

====================

မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး တန္ေဆာင္တိုင္မီးထြန္းပြဲေတာ္ႏွင့္ ေဈးေရာင္းပြဲေတာ္ကို သုံးရက္တိုင္တိုင္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမည္ျဖစ္ေၾကာင္းေဈးေရာင္းပြဲေတာ္ႏွင့္ အမ်ားျပည္သူေဖ်ာ္ေျဖေရးအစီအစဥ္မ်ား ေဆာင္႐ြက္ေရးဆပ္ေကာ္မတီ သိရသည္။

ေနျပည္ေတာ္၊ ျပည္ေထာင္စုနယ္ေျမ၊ ဒကၡိဏသီရိၿမိဳ႕နယ္အတြင္း တည္ထားပူေဇာ္ထားရွိေသာ မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး တန္ေဆာင္တိုင္မီးထြန္းပြဲေတာ္ႏွင့္ ေဈးေရာင္းပြဲေတာ္အား ႏိုဝင္ဘာ ၂ ရက္မွ ၄ ရက္အထိ က်င္းပျပဳလုပ္သြားမည္ျဖစ္သည္။

အမ်ားျပည္သူမ်ား ဘုရားဖူးေျမာ္လာေရာက္စဥ္ စိတ္အပန္းေျဖေပ်ာ္႐ႊင္မႈရွိေစေရးအတြက္ ေဈးဆိုင္ခန္းမ်ားႏွင့္ ကစားကြင္းမ်ားျဖစ္သည့္ ရဟတ္၊ ပင္လယ္ဓါးျပေလွ၊ ေပ်ာ့အိ၊ ကေလးစီးခ်ားဝိုင္း၊ ကေလးစီး ရထားဝိုင္း၊ ကေလးစီးလႈပ္စိ၊ ကေလးစီးဒုံးစသည့္ ကစားနည္းမ်ားအျပင္ ႏိုင္ငံေက်ာ္ဇာတ္မင္းသား ဖိုးခ်စ္ဇာတ္ပြဲသဘင္ႏွင့္ ႏိုင္ငံေက်ာ္ေတးသံရွင္မ်ားျဖစ္သည့္ အိုင္းရင္းဇင္မာျမင့္၊ ေနမင္းအိမ္၊ မိစႏၵီ၊ ရတနာမိုင္၊ သံသာမိုးသိမ့္၊ ခ်ယ္ရီသင္း၊ ေ႐ႊထူး၊ ဟဲေလး၊ လႊမ္းပိုင္၊ နန္းစုရတီစိုး၊ နီနီခင္ေဇာ္၊ ဝိုင္းစုခိုင္သိန္း စသည့္နာမည္ႀကီးအဆိုေတာ္မ်ား ပါဝင္ေဖ်ာ္ေျဖမည့္ ေခတ္ေပၚ ေတးဂီတ(စတိတ္ရႈိး) ေဖ်ာ္ေျဖေရးအစီအစဥ္တို႔ျဖင့္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမည္ေၾကာင္း သိရသည္။


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော် ကျင်းပမည်

====================

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းဈေးရောင်းပွဲတော်နှင့် အများပြည်သူဖျော်ဖြေရေးအစီအစဉ်များ ဆောင်ရွက်ရေးဆပ်ကော်မတီ သိရသည်။

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်ထားရှိသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်အား နိုဝင်ဘာ ၂ ရက်မှ ၄ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အများပြည်သူများ ဘုရားဖူးမြော်လာရောက်စဉ် စိတ်အပန်းဖြေပျော်ရွှင်မှုရှိစေရေးအတွက် ဈေးဆိုင်ခန်းများနှင့် ကစားကွင်းများဖြစ်သည့် ရဟတ်၊ ပင်လယ်ဓါးပြလှေ၊ ပျော့အိ၊ ကလေးစီးချားဝိုင်း၊ ကလေးစီး ရထားဝိုင်း၊ ကလေးစီးလှုပ်စိ၊ ကလေးစီးဒုံးစသည့် ကစားနည်းများအပြင် နိုင်ငံကျော်ဇာတ်မင်းသား ဖိုးချစ်ဇာတ်ပွဲသဘင်နှင့် နိုင်ငံကျော်တေးသံရှင်များဖြစ်သည့် အိုင်းရင်းဇင်မာမြင့်၊ နေမင်းအိမ်၊ မိစန္ဒီ၊ ရတနာမိုင်၊ သံသာမိုးသိမ့်၊ ချယ်ရီသင်း၊ ရွှေထူး၊ ဟဲလေး၊ လွှမ်းပိုင်၊ နန်းစုရတီစိုး၊ နီနီခင်ဇော်၊ ဝိုင်းစုခိုင်သိန်း စသည့်နာမည်ကြီးအဆိုတော်များ ပါဝင်ဖျော်ဖြေမည့် ခေတ်ပေါ် တေးဂီတ(စတိတ်ရှိုး) ဖျော်ဖြေရေးအစီအစဉ်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ကြောင်း သိရသည်။