ပရီးမီးယားလိဂ်ပွဲစဉ်(၉)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် အမ်ဘူမို ရွေးချယ်ခံရ

ပရီးမီးယားလိဂ်ပွဲစဉ်(၉)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် အမ်ဘူမို ရွေးချယ်ခံရ
==================
မန်ယူအသင်းရဲ့ တိုက်စစ်ကစားသမား အမ်ဘူမိုဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၉)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။
အမ်ဘူမိုဟာ ဘရိုက်တန်အသင်းကို (၄-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၉)မှာ (၂)ဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့တာကြောင့် အခုလိုရွေးချယ်ခံခဲ့ရတာပါ။
ဒီဆုကို ပရိသတ်တွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်တာဖြစ်ပြီး အမ်ဘူမိုက ဆန္ဒမဲ(၄၅ %)ရရှိခဲ့ပြီး ဗန်ဒီဗန်က (၂၇ %)၊ အက်ဇေးက (၁၀ %)၊ အာရွန်ဆန်က (၆ %)၊ အမာဒူအိုနာနာနဲ့ ချာကာက (၄ %)၊ ဖလမ်းမင်းနဲ့ ကာယိုဒီက (၂ %) ရရှိခဲ့ကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ်(၈)ရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း မန်ယူနောက်ခံလူ မက်ဂွိုင်းရား ရရှိခဲ့တာကြောင့် ဒီဆုကို မန်ယူကစားသမားတွေ နှစ်ပတ်ဆက်တိုက် ရရှိခဲ့ခြင်းဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ်အလိုက် အကောင်းဆုံးဆုရရှိထားသူတွေကတော့ ပွဲစဉ်(၁) – ရစ်ချာလီဆန်(စပါး)၊ ပွဲစဉ်(၂) – ပယ်လင်ညာ(စပါး)၊ ပွဲစဉ်(၃)- ဆိုဘိုဆလိုင်း(လီဗာပူးလ်)၊ ပွဲစဉ်(၄) – ဘာ့ဂ်ဗောလ်(စပါး)၊ ပွဲစဉ်(၅) – ဂရာဗန်ဘာ့ချ်(လီဗာပူးလ်)၊ ပွဲစဉ်(၆) – ဟာလန်း(မန်စီးတီး)၊ ပွဲစဉ်(၇) – ကိုင်စီဒို(ချယ်လ်ဆီး)၊ ပွဲစဉ်(၈) – မက်ဂွိုင်းရား(မန်ယူ)၊ ပွဲစဉ်(၉) – အမ်ဘူမို(မန်ယူ)တို့ ဖြစ်ပါတယ်။




