ရလဒ်မကောင်းမှုကြောင့် နည်းပြ တူဒေါကို ဂျူဗင်တပ်အသင်း ထုတ်ပယ်

ရလဒ်မကောင်းမှုကြောင့် နည်းပြ တူဒေါကို ဂျူဗင်တပ်အသင်း ထုတ်ပယ်
===================
ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီမှာ ပြိုင်ပွဲစုံနောက်ဆုံး(၈)ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တဲ့အတွက် နည်းပြ တူဒေါကို ရာထူးက ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။
ခရိုအေးရှားနည်းပြ တူဒေါ(၄၇ နှစ်)ဟာ ဂျူဗင်တပ်စ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့မတ်လမှာ ဂျူဗင်တပ်စ်အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာပါ။
ဂျူဗင်တပ်စ်အသင်းဟာ တူဒေါကို ဒီနွေမှာ ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပေမဲ့ ရလဒ်တွေဆိုးရွားခဲ့တာကြောင့် နည်းပြသက်တမ်း (၇)လအကြာမှာပဲ ရာထူးက ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။
တူဒေါဟာ ရာသီအစမှာ ဂျူဗင်တပ်စ်အသင်းကို စီးရီးအေ(၃)ပွဲဆက်တိုက် အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမဲ့ အဲဒီနောက်ပိုင်း ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲစုံ(၈)ပွဲမှာ (၅)ပွဲသရေ၊ (၃)ပွဲရှုံးခဲ့တာကြောင့် ရာထူးက ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ စီးရီးစီမှာ ယှဉ်ပြိုင်နေတဲ့ အရန်အသင်းနည်းပြ မက်ဆီမိုဘရမ်ဘီလာကို ယာယီနည်းပြအဖြစ် တာဝန်ပေးထားပြီး အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေရာမှာ ဇီဒန်း၊ မန်စီနီ၊ စပယ်လက်တီတို့ လျာထားစာရင်းမှာ ပါဝင်နေကြောင်း သိရပါတယ်။



