ရာသီဥတုပူနွေးမှုကြောင့် အိုက်စလန်သို့ပင် ခြင်များရောက်ရှိလာ

ရာသီဥတုပူနွေးမှုကြောင့် အိုက်စလန်သို့ပင် ခြင်များရောက်ရှိလာ

=================

ခြင်တွေဆိုတာ အေးတဲ့နေရာမှာကျက်စားလေ့မရှိပါဘူး။ ဥပမာအားဖြင့် အဲကွန်းဖွင့်ထားတဲ့အခန်းထဲမှာ ခြင်တွေရှိတယ်ဆိုတာရှားပါတယ်။ ဒါကြောင့်လည်း အေးတဲ့ဒေသတွေမှာ ခြင်တွေမရှိတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုတော့ အဲဒီအခြေအနေတွေက ပြောင်းလဲလာပါပြီ။ ဘာကြောင့်လဲဆိုရင် အလွန်အေးပါတယ်ဆိုတဲ့ ကမ္ဘာ့မြောက်ဖျားပိုင်းရှိ နိုင်ငံတစ်ခုဖြစ်တဲ့ အိုက်စလန်နိုင်ငံမှာ ခြင်တွေကို တွေ့ရှိလာရတယ်လို့ ထုတ်ပြန်လာတဲ့အတွက် ဖြစ်ပါတယ်။

အိုက်စလန်မြို့ရဲ့ ကီလာဖဲမြို့ရှိ သိပ္ပံပညာရှင်တစ်ဦးက ဒီခြင်တွေကို   စတင်မြင်တွေ့ခဲ့တာပါ။ သိပ္ပံပညာရှင် ဘီယွန်းယာတဲဆွန်းက သူ့အနီးအနားမှာ ပုံမှန်မြင်တွေ့နေကျမဟုတ်တဲ့ အင်းဆက်တစ်ကောင်ပျံသန်းနေတာကို အောက်တိုဘာလလယ်တုန်းက တွေ့ရှိလိုက်ပါတယ်။     အဲဒီအင်းဆက်ကိုဖမ်းပြီး စစ်ဆေးကြည့်လိုက်တဲ့အခါ ခြင်မတစ်ကောင်ဖြစ်နေကြောင်းနဲ့ နောက်ထပ် ခြင်မတစ်ကောင်နဲ့ ခြင်ထီးတစ်ကောင်တို့ကိုလည်း တွေ့ရှိရတယ်လို့သူက လူမှုကွန်ရက်မှာတင်ခဲ့တာပါ။

အခုတွေ့ရှိရတဲ့ခြင်တွေကို ဆန်းစစ်မှုတွေလုပ်တဲ့အခါ အအေးဒဏ်ကိုခံနိုင်တဲ့ ခြင်တွေဖြစ်နေတာကိုလည်း တွေ့ရှိရပါတယ်။ ဒါပေမဲ့ အေးမြလှသောရာသီဥတုရှိတဲ့ အိုက်စလန်လိုနေရာမှာ ခြင်တွေကို တွေ့ရတယ်ဆိုတာ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

Ref: IE