ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ တံတားဦးမြို့နယ်မှ ပြည်သူများနှင့်တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ တံတားဦးမြို့နယ်မှ ပြည်သူများနှင့်တွေ့ဆုံ
======================
အောက်တိုဘာ ၂၃၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင် ပြုလုပ်သော ပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပါတီဥက္ကဋ္ဌက နှုတ်ခွန်းဆက်အမှာစကားနှင့် ပါတီမှဆောင်ရွက်နေသည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားပါသည်။ ၎င်းနောက် ပြည်သူများမှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာအချက်အလက်များ၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍနှင့် အလုပ်အကိုင်အခွင့်အလမ်း၊ စိုက်ပျိုးရေးကဏ္ဍများအတွက် သိရှိလိုသောအချက်များအား မေးမြန်းကြရာ ပါတီဥက္ကဋ္ဌမှ ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့နောက် တွေ့ဆုံပွဲအား ဇာတိမာန်သီချင်း သီဆို၍ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ပါတီတာဝန်ရှိသူများ၊ တံတားဦးမြို့နယ်မှ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။