ပွဲစားတွေဆီက လက်ဆောင်ပစ္စည်းယူတဲ့ လားရှိုး နဲ့ သီပေါမြို့က လဝက ဝန်ထမ်း ၆ နဲ့ ပွဲစား ၂၄ ဦးကို အမှုဖွင့်အရေးယူ

ပွဲစားတွေဆီက လက်ဆောင်ပစ္စည်းယူတဲ့ လားရှိုး နဲ့ သီပေါမြို့က လဝက ဝန်ထမ်း ၆ နဲ့ ပွဲစား ၂၄ ဦးကို အမှုဖွင့်အရေးယူ

==================

ပွဲစားတွေဆီက ငွေကြေးမဟုတ်ပဲ လက်ဆောင်ပစ္စည်းရယူခဲ့တဲ့ လားရှိုးမြို့နယ်လဝကရုံးက လဝက ဝန်ထမ်း(၃)ဦးနဲ့ သီပေါမြို့နယ် လဝကရုံးက ဝန်ထမ်း(၃)ဦး စုစုပေါင်း ဝန်ထမ်း(၆)ဦးကို နိုင်ငံဝန်ထမ်းနည်းဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပြောပါတယ်။

အဲ့ဒီဝန်ထမ်းတွေနဲ့ ဆက်စပ်ပတ်သက်ခဲ့တဲ့ ပွဲစား ၂၄ ဦးကိုလည်း အမှုဖွင့်အရေးယူခဲ့တယ်လို့လည်း ဝန်ကြီးဌာနကပြောပါတယ်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတွေမှာ နိုင်ငံသားဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်ပေးလျက်ရှိရာမှာ ငွေကြေး တစ်စုံတစ်ရာပေးအပ်ဖို့မလိုဘဲ အခကြေးငွေတောင်းခံတဲ့ အကျင့်ပျက်ဝန်ထမ်းတွေကိုလည်း နိုင်ငံ့ ဝန်ထမ်းဥပဒေနဲ့အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်နေတယ်လို့လည်း ဝန်ကြီးဌာနကပြောပါတယ်။

ရုံးလုပ်ငန်းများဆောင်ရွက်ရာမှာလည်း ပြည်သူလူထုအနေနဲ့ ပွဲစားတွေနဲ့ ဆက်သွယ်ဆောင်ရွက်ခြင်းမပြုဘဲ ကာယကံရှင်တွေ ကိုယ်တိုင်လာရောက်လျှောက်ထား ဆောင်ရွက်ကြဖို့ကိုလည်း ဝန်ကြီးဌာက ပြောဆိုထားပြီး ပွဲစားတွေနဲ့ လာရောက် ဆောင်ရွက်မှုကိုလည်း လက်ခံဆောင်ရွက်ပေးတာမရှိဘူးလို့လည်းဆိုပါတယ်။

ဝန်ကြီးဌာနအနေနဲ့လည်း ဝန်ထမ်းတွေလာဘ်ပေးလာဘ်ယူကင်းရှင်းရေး၊ ရုံးလုပ်ငန်းတွေမှာ ပွဲစားတွေပါဝင်ပတ်သက်မှု မရှိစေရေးနဲ့ ငွေကြေးနဲ့ လက်ဆောင်ပစ္စည်းယူတဲ့ဖြစ◌ျ်စဉ်တွေပေါ်ပေါက်လာပါက နိုင်ငံ့ဝန်ထမ်း ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူသွားမယ်ဆိုတာ ညွှန်ကြားချက်တွေထုတ်ပြန်ထားတယ်လို့လည်း ဝန်ကြီးဌာက ပြောဆိုထားပါတယ်။

PAN