နော်တင်ဟမ်အသင်းက နည်းပြရှောင်ဒိုက်ချီကို တရားဝင်ခန့်အပ်

နော်တင်ဟမ်အသင်းက နည်းပြရှောင်ဒိုက်ချီကို တရားဝင်ခန့်အပ်

=====================

နော်တင်ဟမ်အသင်းသည် နည်းပြရှောင်ဒိုက်ချီ ကို တရားဝင်ခန့်အပ်ခဲ့ကြောင်း သိရသည်။

အသက် ၅၄ နှစ်အရွယ် နည်းပြရှောင်ဒိုက်ချီသည်  နော်တင်ဟမ်အသင်းနှင့်  ၂၀၂၇ ခုနှစ်အထိ စာချုပ် ချုပ်ဆိုခဲ့ပြီး ၎င်းသည် ယခုဘောလုံးရာသီတွင် နော်တင်ဟမ်အသင်း၏     တတိယမြောက်နည်းပြ ဖြစ်လာခဲ့သည်။

နော်တင်ဟမ်အသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက အောင်မြင်မှုများ ရယူပေးနိုင်ခဲ့သည့် နည်းပြ နူနိုဆန်းတို့စ်ကို အသင်းပိုင်ရှင်နှင့် ဆက်ဆံရေးအဆင် မပြေဖြစ်ခဲ့၍  ထုတ်ပယ်ခဲ့ပြီး  စပါးအသင်းနည်းပြ ဟောင်း ပိုစတီကိုဂလူးအား အစားထိုးခန့်အပ်ခဲ့သည်။

ထို့နောက် နည်းပြပိုစတီကိုဂလူးလက်ထက် ပြိုင်ပွဲ စုံ ရှစ်ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့ပြီး နှစ်ပွဲသရေ၊ ခြောက် ပွဲရှုံးနိမ့်ကာ   ပရီးမီးယားလိဂ်အမှတ်ဇယားအဆင့် (၁၈)နေရာသို့  ရောက်ရှိခဲ့ခြင်းကြောင့် ၎င်းကို ထပ်မံ ထုတ်ပယ်ခဲ့ကာ  နည်းပြရှောင်ဒိုက်ချီကို  တရားဝင် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

‌နော်တင်ဟမ်အသင်းက “လေးစားစရာကောင်းပြီး အတွေ့အကြုံရှိတဲ့ ပရီးမီးယားလိဂ်နည်းပြတစ်ယောက် ဖြစ်တဲ့  ရှောင်ဒိုက်ချီက  အသင်းကို  နည်းစနစ်ပိုင်း ထက်မြက်ဖို့နဲ့ အောင်မြင်မှုတွေ ယူဆောင်လာပေးဖို့ ရောက်ရှိလာပါပြီ။  သူက  အသင်းပရိသတ်တွေရဲ့ တန်ဖိုးကိုလည်း နားလည်သူပါ။ သူ့ကိုခန့်အပ်ခဲ့ခြင်းက ပြည်တွင်းနဲ့ ဥရောပပြိုင်ပွဲတွေမှာ အောင်မြင်တဲ့ ဘောလုံးရာသီဖြစ်ဖို့အတွက်    အကောင်းဆုံးအခွင့် အလမ်းပါ” ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

‌နည်းပြရှောင်ဒိုက်ချီသည်  နော်တင်ဟမ်အသင်းနှင့် ပထမဆုံးပွဲစဉ်အဖြစ် အောက်တိုဘာလ ၂၄ ရက်တွင် ပေါ်တိုအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ယူရိုပါ လိဂ်ပွဲစဉ်ကို  စတင်တာဝန်ယူမည် ဖြစ်ကြောင်း  သိရသည်။

Ref; Fabrizio Romano