ဆာနာအီတာကာအီချီက ဂျပန်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံရ
ဆာနာအီတာကာအီချီက ဂျပန်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံရ
=====================
ဂျပန်နိုင်ငံရှိ အာဏာရပါတီဖြစ်သည့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ခေါင်းဆောင် ဆာနာအီတာကာအီချီက ဂျပန်နိုင်ငံ၏ပထမဆုံးသော အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် အောက်တိုဘာလ ၂၁ ရက်တွင်ရွေးကောက်တင်မြှောက်ခံရသည်။ ဆာနာအီတာကာအီချီသည် အောက် လွှတ်တော်၏ မဲပေးရွေးချယ်မှုတွင် ထောက်ခံမဲ ၂၃၇ မဲဖြင့်လည်းကောင်း၊ အထက်လွှတ်တော်၏မဲပေးရွေးချယ်မှု တွင် ထောက်ခံမဲ ၁၂၃ မဲဖြင့်လည်းကောင်း ထောက်ခံမှုရရှိကာ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ၏ ၁ဝ၄ ဆက်မြောက်ဝန်ကြီး ချုပ်အဖြစ်တာဝန်ထမ်းဆောင်ခွင့်ရရှိရန် ဆာနာအီတာကာအီချီသည် အတိုက်အခံ ပါတီများစွာနှင့် ဆွေးနွေးမှုများလုပ်ဆောင် ခဲ့ရကြောင်း၊ အဆိုပါအတိုက်အခံပါတီများ အနက် ဂျပန်တီထွင်ဆန်းသစ်မှုပါတီနှင့် ညွန့်ပေါင်းဖွဲ့စည်းမှုအတွက် သဘော တူညီချက်ရရှိကြောင်း၊ ယင်းသို့ညွန့်ပေါင်း ဖွဲ့နိုင်ခြင်းကြောင့်ယခုကဲ့သို့ထောက်ခံမဲများ၊ ရရှိခြင်းဖြစ်ကြောင်း သတင်းဌာနများက ဖော်ပြထားသည်။
ဆာနာ အီတာကာအီချီသည် ပြည်ထဲ ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး၊ စီးပွားဖူလုံ ရေးဝန်ကြီး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ဒုတိယဝန်ကြီးအဖြစ် တာဝန်များထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။
Ref: Xinhua