စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုများကို ပဲလေ့စ်အသင်းနည်းပြ အိုလီဗာဂလက်စ်နာနှင့် မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းတို့ ဆွတ်ခူး
စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုများကို ပဲလေ့စ်အသင်းနည်းပြ အိုလီဗာဂလက်စ်နာနှင့် မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းတို့ ဆွတ်ခူး
====================
စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်၏ တစ်လတာအကောင်းဆုံးဆုများကို ပဲလေ့စ်အသင်းနည်းပြ အိုလီဗာဂလက်စ်နာနှင့် မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းတို့က ဆွတ်ခူးခဲ့ကြောင်း သိရသည်။
နည်းပြအိုလီဗာဂလက်စ်နာသည် စက်တင်ဘာလ အတွင်း ပဲလေ့စ်အသင်းယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီး ယားလိဂ်ပွဲစဉ် သုံးပွဲတွင် ဆန်းဒါးလန်းအသင်းကို သရေ၊ ဝက်စ်ဟမ်းအသင်းနှင့် အမှတ်ပေးဇယား အဆင့်(၁)နေရာ၌ ရပ်တည်နေသည့် လက်ရှိချန်ပီယံ လီဗာပူးအသင်းတို့ကို အနိုင်ကစားနိုင်ခဲ့ခြင်းကြောင့် ၂၀၁၄ ခုနှစ် ဧပြီလက နည်းပြတိုနီပူးလ်နောက်ပိုင်း ယင်းဆုကို ရရှိခဲ့သည့် ပဲလေ့စ်အသင်း၏ ပထမဆုံး နည်းပြဖြစ်လာခဲ့သည်။
ထို့ပြင် စက်တင်ဘာလအတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးကစားသမားဆုကို မန်စီး တီးအသင်းတိုက်စစ်မှူး ဟာလန်းက ဆွတ်ခူးခဲ့ပြီး ၎င်းအနေဖြင့် စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ကစား ခဲ့သည့် မန်စီးတီးအသင်း၏ ပွဲစဉ်များတွင် ငါးဂိုးအထိ သွင်းယူထားနိုင်ခဲ့ခြင်း ဖြစ်သည်။
တိုက်စစ်မှူးဟာလန်းအနေဖြင့် စက်တင်ဘာလ အတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် ဘန်လေအသင်းနှင့် ပွဲစဉ်တွင် နှစ်ဂိုးသွင်းယူနိုင်ပြီး ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားနိုင်ခဲ့ကာ မန်ယူအသင်းကို သုံးဂိုးပြတ်ဖြင့် အနိုင်ရသည့် ပွဲစဉ်တွင် နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည့်အပြင် အာဆင်နယ်အသင်းနှင့် သရေကျခဲ့သည့်ပွဲစဉ်တွင် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့သောကြောင့် တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။
ဟာလန်းသည် အဆိုပါဆုကို လေးကြိမ်မြောက် ရရှိခဲ့ခြင်းဖြစ်ကာ ပရီးမီးယားလိဂ်ကစားသမား ဟောင်းများ ဖြစ်ကြသည့် အွန်နရီ၊ အလန်ရှီးယားတို့ ရရှိခဲ့သည့် အကြိမ်အရေအတွက်နှင့် တူညီခဲ့ပြီဖြစ်သည့်အပြင် လက်ရှိ ဘောလုံးရာသီတွင်လည်း ၎င်း အနေဖြင့် ပရီးမီးယားလိဂ်ပွဲစဉ်ခုနစ်ပွဲ ကစားပြီးချိန် သွင်းဂိုး ကိုးဂိုးဖြင့် သွင်းဂိုး အများဆုံးကစားသမား အဖြစ် ရပ်တည်နေကြောင်း သိရသည်။
Ref; Fotmob