ကမ္ဘာ့ဘောလုံးလောက၏ ဈေးအကြီးဆုံးကစားသမားများ အစုအဖွဲ့ကို ပိုင်ဆိုင်ထားသည့် အသင်းများစာရင်းတွင် ချယ်လ်ဆီးအသင်းက ထိပ်ဆုံး၌ရပ်တည်

ကမ္ဘာ့ဘောလုံးလောက၏ ဈေးအကြီးဆုံးကစားသမားများ အစုအဖွဲ့ကို ပိုင်ဆိုင်ထားသည့် အသင်းများစာရင်းတွင် ချယ်လ်ဆီးအသင်းက ထိပ်ဆုံး၌ရပ်တည်

======================

‌ချယ်လ်ဆီးအသင်းသည် ကမ္ဘာ့ဘောလုံးလောက၏    ဈေးအကြီးဆုံးကစားသမားများအစုအဖွဲ့ကို ပိုင်ဆိုင်ထားသည့် အသင်းများစာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေကြောင်း သိရသည်။

‌နာမည်ကျော် CIES က ထုတ်ပြန်ခဲ့သည့်စာရင်းများအရ    တော့ဒ်ဘိုလေ   ပိုင်ဆိုင်ထားသည့် ချယ်လ်ဆီးအသင်း၏   ကစားသမားအားလုံး   စုစုပေါင်းတန်ကြေးသည် ပေါင် ၁ ဒသမ ၅၆ ဘီလီယံအထိ ရှိသောကြောင့်   ကမ္ဘာ့ဘောလုံးလောက၏ ဈေးအကြီးဆုံး ကစားသမားများအစုအဖွဲ့ကို  ပိုင်ဆိုင်ထားသည့်အသင်းများစာရင်းတွင် ချယ်လ်ဆီးအသင်းအနေဖြင့်    အဆင့်(၂)နေရာမှ   ရီးယဲလ်မက်ဒရစ် အသင်းထက် ပေါင်သန်း ၁၀၀ အထိ ပိုမိုများပြားနေ ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည်     ပြီးခဲ့သည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလက    ယာအို ပတ်ဒရို၊ အက်စတယ်ဗောင်း၊   ဂါနာချို၊  လီယမ် ဒီလက်ပ်၊ ဂျေမီဂစ်တန်တို့အပါအဝင် ကစားသမားသစ်များကို ခေါ်ယူအားဖြည့်ခဲ့ပြီး  အသင်း၏  ကစားသမားရောင်းချမှုမှလည်း ပေါင် ၃၀၅ သန်းအထိ ရရှိခဲ့သည်။

‌အဆိုပါစာရင်း၏  ထိပ်ဆုံး  ၁၀ သင်းတွင်  ပရီး မီးယားလိဂ်မှ    ငါးသင်းအထိပါဝင်ခဲ့ပြီး   ရီးယဲလ် မက်ဒရစ်အသင်းက ပေါင် ၁ ဒသမ ၄၆ ဘီလီယံဖြင့် အဆင့်(၂)၊ မန်စီးတီးအသင်းက ပေါင် ၁ ဒသမ ၂၈ ဘီလီယံဖြင့် အဆင့်(၃)၊  အာဆင်နယ်အသင်းက  ပေါင် ၁ ဒသမ ၂၇ ဘီလီယံဖြင့်  အဆင့်(၄)နေရာ၌ ရပ်တည်နေသည်။

ထို့ပြင် အဆင့်(၅)နေရာတွင် ပြင်သစ်လီဂူးထိပ်သီး ကလပ်   ပီအက်စ်ဂျီအသင်းက  ပေါင် ၁ ဒသမ ၂၅ ဘီလီယံဖြင့်လည်းကောင်း၊    အဆင့်(၆)နေရာတွင် လီဗာပူးအသင်းက ပေါင် ၁ ဒသမ ၂၁ ဘီလီယံဖြင့် လည်းကောင်း၊   အဆင့်(၇)နေရာတွင်   ဘာစီလိုနာ အသင်းက   ပေါင် ၁ ဒသမ ၁၇ ဘီလီယံဖြင့်လည်း ကောင်း၊ အဆင့် (၈)နေရာတွင် စပါးအသင်းက ပေါင် ၉၀၇ သန်းဖြင့်လည်းကောင်း၊ အဆင့်(၉)နေရာတွင် ဘိုင်ယန်မြူးနစ်အသင်းက ပေါင် ၈၀၉ သန်းဖြင့် လည်းကောင်း၊ အဆင့်(၁၀)နေရာတွင် အင်တာမီလန် အသင်းက  ပေါင်သန်း ၇၅၀ ဖြင့်လည်းကောင်း အသီးသီးရပ်တည်နေကြောင်း သိရသည်။

Ref; Fotmob