ချန်ပီယံ ပန်တိုဂျာ နဲ့ ချန်ပီယံစိန်ခေါ်ပွဲယှဉ်ပြိုင်ထိုးသတ်မယ့် ဂျိုရှုအာဗန်

ချန်ပီယံ ပန်တိုဂျာ နဲ့ ချန်ပီယံစိန်ခေါ်ပွဲယှဉ်ပြိုင်ထိုးသတ်မယ့် ဂျိုရှုအာဗန်
———————-
မြန်မာဖိုက်တာ ဂျိုရှုအာဗန်ရဲ့ UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲကို ဒီဇင်ဘာ ၇ ရက်မှာ အမေရိကန် နိုင်ငံ၊ လတ်ဗီးဂတ်စ်မှာ ကျင်းပမယ့် UFC-323 ပြိုင်ပွဲမှာ ထည့်သွင်း ကျင်းပသွားမှာ ဖြစ်တယ်လို့ UFC က ထုတ်ပြန်ပါတယ်၊၊
ဂျိုရှုအာဗန်ဟာ လက်ရှိ ချန်ပီယံ ဘရာဇီးနိုင်ငံသား ပန်တိုဂျာ နဲ့ ချန်ပီယံခါးပတ်ကို စိန်ခေါ်ရမှာ ဖြစ်ပြီး ဇွန်လ ၂၉ ရက်က ထိုးသတ်ခဲ့တဲ့ပွဲမှာ အမေရိကန် ဖိုက်တာ ဘရန်ဒန်ရွိုင်ဗယ်နဲ့ပွဲမှာ အနိုင်ရရှိပြီးနောက် ချန်ပီယံ ခါးပတ်ကို စိန်ခေါ်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်၊၊
ချင်းတိုင်းရင်းသား MMA ဖိုက်တာ ဂျိုရှုအာဗန်ဟာ UFC မှာ နောက်ဆုံး ၅ ပွဲဆက်နဲ့ ၈ ပွဲမြောက် အနိုင်ရပြီးနောက် အခုလို ကမ္ဘာ့ချန်ပီယံခါးပတ်ကို စိန်ခေါ်ခွင့်ရခဲ့တာဖြစ်ကာ မြန်မာဖိုက်တာတွေထဲမှာ UFC မှာ ပထမဆုံး ထိုးသတ်ခွင့်ရသူလည်း ဖြစ်တယ်လို့ သိရပါတယ်၊၊
UFC ဖလိုင်းဝိတ်တန်းရဲ့ လက်ရှိ ချန်ပီယံ ဘရာဇီးဖိုက်တာ ပန်တိုဂျာဟာ ပရော်ဖယ်ရှင်နယ် MMA ကစားသမား ဘဝ (၃၅)ပွဲ ထိုးသတ်ထားပြီး ပွဲ ၃၀ အနိုင်ရရှိထားကာ ၅ ပွဲ ရှုံးနိမ့်ထားတယ်လို့ သိရပါတယ်၊၊
ဂျိုရှုအာဗန်ကတော့ ပရော်ဖက်ရှင်နယ် MMA ကစားသမားဘဝ (၁၇)ပွဲ ထိုးသတ်ထားပြီး (၁၅)ပွဲနိုင်၊ (၂)ပွဲ ရှုံးထား ပါတယ်။ UFC မှာ ဆိုရင်လည်း (၉)ပွဲထိုးသတ်ထားပြီး (၈)ပွဲနိုင်ကာ (၁)ပွဲသာ ရှုံးနိမ့်ထားတဲ့ အသက် (၂၃) နှစ် အရွယ် လူငယ်ဖိုက်တာ ဖြစ်ပါတယ်။