မြန်မာ့လက်ဖက်ကို ယူနက်စကိုဝင်ရန် ဆောင်ရွက်နေ‌

မြန်မာ့လက်ဖက်ကို ယူနက်စကိုဝင်ရန် ဆောင်ရွက်နေ‌

===================

မြန်မာနိုင်ငံ၏ လက်ဖက်ကို ရှေးနှစ်ပေါင်းများစွာ ဘုရင်များလက်ထက်ကတည်းက ဓလေ့ရိုးရာအစဉ်အလာ အနေဖြင့် သုံးဆောင်လာခဲ့ကြပြီး ယနေ့ခေတ်ထိတိုင် ဘာသာရေးအခမ်းအနားများ၊ အလှူပွဲများ၊ မင်္ဂလာဧည့်ခံပွဲများ ၌ မပါမဖြစ်အသုံးပြုလာကြသည့် ရိုးရာဓလေ့အစဉ်အလာတစ်ခုဖြစ်သည့်အတွက် မြန်မာတို့၏ လက်ဖက်အစို စားသုံးမှု ရှေးဟောင်းအမွေအနှစ်ကို နိုင်ငံတကာအသိအမှတ်ပြုမှုရရှိစေရန်နှင့် ယူနက်စကိုဝင်ရန် မြန်မာနိုင်ငံ လက်ဖက်အသင်းအနေဖြင့် အဆင့်ဆင့်တင်ပြပြီး ယခုနှစ်အတွင်းပြီးစီးအောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

မြန်မာနိုင်ငံအတွင်း လက်ဖက်စိုက်ပျိုးသည့် ခြံပိုင်ရှင်များ၊ တောင်သူများ၊ လုပ်ငန်းရှင်များ၊ ဖြန့်ဖြူးရောင်းချ သူများ၊ Export ထုတ်လုပ်သည့်ကုမ္ပဏီများအပါအဝင် အသင်းဝင်ပေါင်းနှစ်သောင်းကျော်ရှိပြီဖြစ်ပါတယ်။

လက်ဖက်ကို မြန်မာလူမျိုးများအတွက် သာမန်အစားအစာတစ်ခုထက်ပိုသည့် ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ လူမှုရေးနှင့် ကျန်းမာရေးတို့ကို ပေါင်းစပ်ထားသည့် သင်္ကေတတစ်ခုအဖြစ် သတ်မှတ်အသုံးပြုလျက်ရှိကြောင်း သိရပါတယ်။