ONE 129 ပွဲစဉ်တွင် ခေါင်တွဲဆိုင်းနေရာ၌ ယှဉ်ပြိုင်ထိုးသတ်ရမယ့် ရိုးရာဖိုက်တာ ထွန်းမင်းအောင်

ONE 129 ပွဲစဉ်တွင် ခေါင်တွဲဆိုင်းနေရာ၌ ယှဉ်ပြိုင်ထိုးသတ်ရမယ့် ရိုးရာဖိုက်တာ ထွန်းမင်းအောင်

===================

ယခုလ အောက်တိုဘာ (၁၇)ရက်၌ ONE က ကျင်းပပြုလုပ်မည့် ONE-129 ပွဲစဉ်တွင် ရိုးရာဖိုက်တာ ထွန်းမင်းအောင် ခေါင်တွဲဆိုင်းနေရာတွင် ပါဝင်လာပြီး မွေထိုင်းဖိုက်တာနှင့်ယှဉ်ပြိုင်ထိုးသတ်သွားရမည်ဖြစ်ပါတယ်။

ထွန်းမင်းအောင်သည် ONE ၏ ပြိုင်ပွဲနှင့် ဝေးကွာနေရာမှ ယခုအခါ ခေါင်တွဲဆိုင်းနေရာတွင် ပါဝင်လာပြီး သူသည် လာမည့် ဆီးဂိမ်းပြိုင်ပွဲအတွက် နိုင်ငံကိုယ်စားပြုရွေးချယ်ခံထားရသည့် (၃)ဦးအနက် (၁)ဦးလည်းဖြစ်ပါတယ်။

အဆိုပါ ONE ပွဲစဉ်တွင် မြန်မာတွဲဆိုင်း (၂)ဆိုင်းပါဝင်ပြီး အောက်ချင်းလေးအမည်ရှိ ရိုးရာဖိုက်တာတစ်ဦးလည်း ဂျ ပန်ဖိုက်တာနှင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပါတယ်။