ဂရုဏာကမ္ဘာ ဘိုးဘွာရိပ်သာငွေပဒေသာပင်အတွက် အလှူငွေကျပ် သိန်း(၁၀၀)နှင့် တစ်ရက်တာစားသောက်မှုကုန်ကျ စရိတ်ငွေ ကျပ်(၁၂)သိန်း ထည့်ဝင်လှူဒါန်းပြီးဘိုးဘွားများအားတစ်ကိုယ်ရည်သုံးပစ္စည်း (၅)မျိုးလှူဒါန်း





ဂရုဏာကမ္ဘာ ဘိုးဘွာရိပ်သာငွေပဒေသာပင်အတွက် အလှူငွေကျပ် သိန်း(၁၀၀)နှင့် တစ်ရက်တာစားသောက်မှုကုန်ကျ စရိတ်ငွေ ကျပ်(၁၂)သိန်း ထည့်ဝင်လှူဒါန်းပြီးဘိုးဘွားများအားတစ်ကိုယ်ရည်သုံးပစ္စည်း (၅)မျိုးလှူဒါန်း
============================
ဒက္ခိဏသီရိ အောက်တိုဘာ ၉
ယနေ့အောက်တိုဘာလ (၉)ရက်နေ့၊ နံနက်ပိုင်းကပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ဂရုဏာကမ္ဘာ ဘိုးဘွားရိပ်သာရှိ သုခါဝါသ အောင်စစ်သည် ဓမ္မာရုံ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းနှင့်ဇနီးဒေါ်ထွေးထွေးညွန့် မိသားစုမှ ဘိုးဘွားများအတွက် တစ်ကိုယ်ရည်သုံးပစ္စည်း(၅)မျိုးပါခြင်းငယ်များ လှူဒါန်းခြင်း၊ဘိုးဘွားများ တစ်ရက်တာစားသောက်မှုကုန်ကျစရိတ်ငွေကျပ် (၁၂)သိန်းနှင့်ဘိုးဘွားရိပ်သာငွေပဒေသာပင်အတွက်အလှူငွေကျပ်သိန်း (၁၀၀)ထည့်ဝင်လှူဒါန်းခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းမှလှူဒါန်းရခြင်းရည်ရွယ်ချက်အား
ရှင်းလင်းပြောကြားခဲ့ပြီးဘိုးဘွားရိပ်သာငွေပဒေသာပင်အတွက် အလှူငွေကျပ်သိန်း(၁၀၀)နှင့် ဘိုးဘွားများစားသောက်မှုကုန်ကျစရိတ်
ယနေ့တစ်ရက်တာအတွက်ငွေကျပ်(၁၂)သိန်းစုစုပေါင်းငွေကျပ်သိန်းပေါင်း (၁၁၂)သိန်းအားလှူဒါန်းခဲ့ရာ ဘိုးဘွားရိပ်သာတာဝန်ခံဦးသောင်းမြင့်နှင့်တာဝန်ရှိသူများမှလက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်၍ လှူဒါန်းမှုအတွက် တာဝန်ခံမှကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဘိုးဘွာရိပ်သာ၌ကွန်းခိုနေကြသောဘိုး(၁၃၆)ဦး၊ ဘွား (၅၅)ဦး စုစုပေါင်း (၁၉၁)ဦးအတွက် ပါတီဒုတိယဥက္ကဋ္ဌမိသားစုမှ ဘိုးဘွားတစ်ဦးလျှင် တစ်ကိုယ်ရည်သုံးပစ္စည်း(၅)မျိုးပါခြင်းငယ် တစ်ခုစီ လှူဒါန်းပေးခဲ့ပြီး အခမ်းအနားအား ဗုဒ္ဓ သာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆိုရုပ်သိမ်းခဲ့ပါသည်။
၎င်းနောက် ပါတီဒုတိယဥက္ကဋ္ဌနှင့်မိသားစုသည် ဘိုးဘွားများ နေ့လည်စာ သုံးဆောင်နေမှုအား သွားရောက်ကြည့်ရှု၍အားပေးစကားများပြောကြားခဲ့ပါသည်။




