ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ အနုပညာရှင်အသိုင်းအဝန်းမှ မိတ်ဆွေများနှင့်တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ အနုပညာရှင်အသိုင်းအဝန်းမှ မိတ်ဆွေများနှင့်တွေ့ဆုံ

=============

အောက်တိုဘာ ၂၊ ရန်ကုန်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့ နေ့လည် ၁၄ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ပါတီရုံးချုပ်သို့ ရောက်ရှိပြီး အနုပညာရှင်အသိုင်းအဝန်းမှ မိတ်ဆွေများနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံခဲ့ပါသည်။

 

ထိုသို့တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌမှ အမှာစကားပြောကြားပြီး တက်ရောက်လာသော အနုပညာရှင်များ၏ တင်ပြချက်များအား ပြန်လည်ရှင်းလင်း ဆွေးနွေးကာ တွေ့ဆုံပွဲကို ညနေ ၁၇၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

 

အဆိုပါ တွေ့ဆုံရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်အသိုင်းအဝန်းမှ သရုပ်ဆောင်များ၊ အဆိုတော်များ၊ ဟာသပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။