ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်းမဟာအောင်မြေမြို့နယ်၊စိန်ပန်းရပ်ကွက်၊ကမ်းနားလမ်းရှိပါတီဝင်များ၊ပါတီဝင်မိသားစုများနှင့်တွေ့ဆုံပွဲသို့တက်ရောက်
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်းမဟာအောင်မြေမြို့နယ်၊စိန်ပန်းရပ်ကွက်၊ကမ်းနားလမ်းရှိပါတီဝင်များ၊ပါတီဝင်မိသားစုများနှင့်တွေ့ဆုံပွဲသို့တက်ရောက်
=======================
မန္တလေး အောက်တိုဘာ ၃
မန္တလေးတိုင်းဒေသကြီး
မဟာအောင်မြေမြို့နယ်၊စိန်ပန်းရပ်ကွက်၊ကမ်းနားလမ်းတွင် တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှု ဆောင် ဒေါက်တာမောင်သင်း၊ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေး တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်နှင့်တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊မဟာအောင်မြေခရိုင်ပါတီဥက္ကဋ္ဌ၊
အတွင်းရေးမှူးနှင့်ခရိုင်ပါတီကော် မတီဝင်များ၊မြို့မိမြို့ဖများ၊မဟာအောင်မြေမြို့နယ်ပါတီဥက္ကဌ၊အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ရပ်ကွက်ပါတီဥက္ကဌနှင့်ကော်မတီဝင်များ၊ပါတီဝင်များ၊ပါတီဝန်းရံသူများ၊ရပ်မိရပ်ဖများ၊ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံပွဲတွင် တက်ရောက်လာသည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပါတီကော် မတီဝင်များ၊မြို့မိမြို့ဖများအား တစ်ဦးချင်းမိတ်ဆက်ပေးခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။
၎င်းနောက် ပါတီဗဟိုအလုပ်အမှု ဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက ရွေးကောက်ပွဲကျင်းပမည့် အခြေအနေများ၊ရွေး ကောက်ပွဲအောင်မြင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရေး၊နိူင်ငံသားတိုင်း မပျက်မကွက်မဲပေးရေးတို့အား ရှင်းလင်းပြောကြားခဲ့ကြောင်းသ်ရှိရပါသည်။