ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ (၆၁)နှစ်မြောက်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ (၆၁)နှစ်မြောက်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်

==================

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၁-၁၀-၂၀၂၅ ရက်နေ့ နံနက်(၉)နာရီတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်သည့် (၆၁)နှစ်မြောက်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ပါတီဥက္ကဋ္ဌ ဦးခင်ရီသည် အခမ်းအနားသို့ တက်ရောက်လာကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်ဟောင်းများ၊ မိသားစုဝင်များကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

ပါတီဥက္ကဋ္ဌ ဦးခင်ရီသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရဲချုပ်(ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန – ပူးတွဲတာဝန်) အဖြစ် ၂၀၀၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး သက်တမ်းတစ်လျောက်တွင် နိုင်ငံတော် ကာကွယ်ရေးတာဝန်၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတာဝန်၊ အစိုးရတာဝန်၊ နိုင်ငံရေးတာဝန်စသည့် ကဏ္ဍအသီးသီးတွင် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။