မိတ္ထီလာတပ်နယ်ခန်းမတွင် ပြည်ခိုင်ဖြိုးပါတီမှ စာရေးကိရိယာလှုဒါန်းပွဲ ကျင်းပပြုလုပ်
မိတ္ထီလာတပ်နယ်ခန်းမတွင် ပြည်ခိုင်ဖြိုးပါတီမှ စာရေးကိရိယာလှုဒါန်းပွဲ ကျင်းပပြုလုပ်
=========================
မိတ္ထီလာ စက်တင်ဘာ ၂၈
ပြည်ခိုင်ဖြိုးပါတီမှ မိတ္ထီလာတပ်နယ်၊အမှတ် (၉၉)ခြေလျင်တပ်မ ဌာန ချုပ် အစည်းအဝေးခန်းမတွင် စာရေးကိရိယာထောက်ပံ့လှူဒါန်းပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊မိတ္ထီလာခရိုင်ပါတီဥက္ကဌ ဦးထွန်းထွန်းဦး၊ အတွင်းရေးမှူး ဦးရဲထွန်းနိုင်၊ မိတ္ထီလာ၊မလှိုင်မြို့နယ်တို့မှ ဥက္ကဌ၊အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊မိတ္ထီလာတပ် နယ်အတွင်းရှိ တပ်ရင်း၊တပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ကျောင်းသား/သူ များ တက်ရောက်ခဲ့ကြပါသည်။
လှူဒါန်းပွဲအခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက် လာသည့် ကျောင်းသား/သူများအား ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ဒေါက်တာမောင်သင်း၊ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင်၊ မန္တလေးတိုင်းဒေသကြီးပါတီ ဥက္ကဌ ဦးအောင်ကျော်မိုးတို့မှ ကျောင်းသုံးစာအုပ် ဒါဇင် ၁၂၀၀ အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။