ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းတိုင်းပါတီ Law firm အဖွဲ့နှင့်တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းတိုင်းပါတီ Law firm အဖွဲ့နှင့်တွေ့ဆုံ
=====================
ပုသိမ် စက်တင်ဘာ ၂၅

ပြည်ခိုင်ဖြိုးပါတီ၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းသည် စက်တင်ဘာ (၂၅)ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီးပါတီရုံး၌ တိုင်းပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ တိုင်း၊ခရိုင် ပါတီ Law firm အဖွဲ့များနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲနေ့နှင့် ရွေးကောက်ပွဲပြီးနောက်ပိုင်းကာလများတွင် ပေါ်ပေါက်လာနိုင်သည့် ကိစ္စရပ်များကို ဥပဒေလမ်းကြောင်းဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ရေး၊ ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီအောင်နိုင်ရေးအဖွဲ့များ၊ မဲရုံကိုယ်စားလှယ်များ၊ ပါတီဝင်မဲဆန္ဒရှင်များအတွက် ဆောင်ရန်၊ရှောင်ရန်များအတွက် လမ်းညွှန်စာစောင်များ ဖြန့်ဝေနိုင်ရန် ဆောင်ရွက်ပေးထားကြရန်နှင့် မြို့နယ်အလိုက် Law firm များခိုင်ခိုင်မာမာ ဖွဲ့စည်းနိုင်ရေးတို့ကိုအပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။