ကာဇက်စတန်နိုင်ငံက ရုရှား-ယူကရိန်း ဆွေးနွေးပွဲ လက်ခံကျင်းပပေးရန် ဆန္ဒရှိဟုဆို

ကာဇက်စတန်နိုင်ငံက ရုရှား-ယူကရိန်း ဆွေးနွေးပွဲ လက်ခံကျင်းပပေးရန် ဆန္ဒရှိဟုဆို

==================

ကာစက်စတန်နိုင်ငံအနေဖြင့် ရုရှား-ယူကရိန်းဆွေးနွေးပွဲကို လက်ခံကျင်းပပေးရန် ဆန္ဒရှိကြောင်း၊ ရုရှားနိုင်ငံနှင့်ယူကရိန်း နိုင်ငံတို့မှ ခေါင်းဆောင်များအနေဖြင့် ကာဇက်စတန်နိုင်ငံ၌ တွေ့ဆုံဆွေးနွေးမှု လုပ်ရန်ဆန္ဒရှိပါက လိုအပ်သည့်အရာများအားလုံးကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ကာဇက်စတန်နိုင်ငံသမ္မတ တက်ဆင်ကျိုမာ့ တိုကာယက် က စက်တင်ဘာလ ၂၄ ရက် တွင်ပြောသည်။

ထို့ပြင် ကာဇက်စတန်နိုင်ငံသည် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့ကြား ဆွေးနွေးပွဲလုပ်ဆောင်ခြင်းကို ထောက်ခံအားပေးကြောင်း၊ ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဘေးပန်းတွေ့ဆုံမှုတစ်ခုတွင် ယူကရိန်းသမ္မတက ကာဇက်စတန်သမ္မတနှင့်တွေ့ဆုံစဉ် ယူကရိန်းအနေဖြင့် မော်စကိုမြို့မှလွဲ၍ မည်သည့်နေရာတွင်မဆို ရုရှား သမ္မတနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း သတင်းစကားပါးသည်ဟု ကာဇက်စတန် သမ္မတကပြောထားသည်။