ဘန်ကောက်ကလမ်းတစ်ခုပေါ်မှာ မီတာ ၅၀ ကျယ်ပြီး မိတာ ၅၀ နက်တဲ့ မြေကျင်းကြီးတစ်ခု ဖြစ်ပေါ်
ဘန်ကောက်ကလမ်းတစ်ခုပေါ်မှာ မီတာ ၅၀ ကျယ်ပြီး မိတာ ၅၀ နက်တဲ့ မြေကျင်းကြီးတစ်ခု ဖြစ်ပေါ်
=================
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ ဆေးရုံတစ်ခုရှေ့က လမ်းမကြီးပေါ်မှာ ယမန်နေ့ နံနက်ပိုင်းက ကြီးမားကျယ်ပြန့်တဲ့ မြေကျွံကျင်းကြီး ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ဒူဆစ်ခရိုင် ဘန်ကောက်မြို့က ဝဇီရာဆေးရုံအနီးမှာ မနက် ၇ နာရီ ၁၅ မိနစ်ခန့်ကဖြစ်ပွားခဲ့တာဖြစ်ပြီး ဝဇီရာရထားဘူတာသစ်အတွက် ဆောက်လုပ်ရေးလုပ်ဆောင်နေတဲ့ မြေအောက်လိုဏ်ခေါင်းကနေ ယိုစိမ့်မှုဖြစ်ပေါ်ခဲ့ပြီးနောက် မြေကျွံကျင်းကြီး ဖြစ်ပေါ်လာခဲ့တာလို့ သိရပါတယ်။
ဘန်ကောက်အုပ်ချုပ်ရေးမှူး ချက်ချတ်ဆစ်တီပန့်ကတော့ ယာဥ်ကြောပိတ်ဆိုမှုတွေမဖြစ်စေဖို့နဲ့ ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ပြိုကျသွားတဲ့ မြေကျင်းကြီးထဲကို အိမ်စီးကားနဲ့ ဓာတ်မီးတိုင်တစ်ချိုပြုတ်ကျခဲ့သလို ထရပ်ကားတစ်စီးကလည်း မြေကျင်းရဲ့အစွန်းမှာ ရောက်ရှိနေတယ်လို့လည်း သိရပါတယ်။
မြို့တော်လျှပ်စစ် အာဏာပိုင်တွေကလည်း အရေးပေါ် အန္တရာယ်ကင်းရှင်းရေးအတွက်ဆောင်ရွက်နေကြသလို ဆေးရုံကလူနာတွေနဲ့ အနီးအနားက တိုက်ခန်းတွေမှာနေထိုင်သူတွေကို အရေးပေါ်ရွှေ့ပြောင်းခဲ့ပေးထားတယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိ ထိခိုက်ဒဏ်ရာရမှုမရှိသေးဘူးလို့ အာဏာပိုင်တွေကပြောဆိုထားပြီး လေ့လာတိုင်းတာမှုများအရ မြေကျင်းဟာ မီတာ ၃၀ ခန့် ကျယ်ပြီး မီတာ ၅၀ ခန့် နက်ရှိုင်းတယ်လို့ သိရပါတယ်။