ပုဗ္ဗသီရိမြို့နယ်တွင် ရေကြီးရေလျှံ ရေဘေးသင့်သူများကိုဘေးလွတ်ရာရွှေ့ပြောင်းပေး

ပုဗ္ဗသီရိမြို့နယ်တွင် ရေကြီးရေလျှံ ရေဘေးသင့်သူများကိုဘေးလွတ်ရာရွှေ့ပြောင်းပေး

==============

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် စက်တင်ဘာ ၂၃ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်/ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း မိးသတ်တပ်ဖွဲထံမှ သိရသည်။

ပုဗ္ဗသီရိမြို့နယ်တွင် စက်တင်ဘာ ၂၃ ရက်က မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ည ၉ နာရီခန့်တွင် တပင်ရွှေ ထီးရပ်ကွက်၊ ညောင်လူးကျေးရွာနှင့် အင်ကြင်းစုကျေး ရွာတိုတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ နေအိမ်များအတွင်း၌ ရေဝင်ရောက်၍ရေဘေးသင့်သူများရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပုဗ္ဗသီရိမြိုနယ်မီးသတ်စခန်းမှတပ်ဖွဲဝင်များက တပင်ရွှေထီးရပ်ကွက်၊ သာယာဝတီ(၂)လမ်းမှ အမျိုးသမီး(၁)ဦး၊ တပင်ရွှေထီးရပ်ကွက်၊ အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်းဝန်း၊ ဝန်ထမ်းအိမ် ရာမှ အမျိုးသား(၂)ဦးနှင့် အမျိုးသား(၁)ဦးတိုအား ရေဘေးလွတ်ကင်းရာသို ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။ #Popular