ကျောက်ဆည်မြို့၌နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲ ကျင်းပသွားမည်

ကျောက်ဆည်မြို့၌နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲ ကျင်းပသွားမည်

===================

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဆင်အကအလှ ပြိုင်ပွဲတွင် ဂုဏ်ပြုဆင်၊ ပြိုင်ပွဲဝင်ဆင်၊ မြို့မဈေးပတ်ဆင်များ ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ပွဲတော်ကြီးအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၆ ရက်နေ့က ခရိုင်လမ်းဦးစီးဌာနရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အစည်းအဝေးပွဲတွင် ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင် က ဆင်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများက ဝိုင်းဝန်း ဆောင်ရွက်ကြရန်၊ ဆင်အကအလှပြိုင်ပွဲလုပ်ငန်းဆပ်ကော်မတီ အသီးအသီးက ဆင်ပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရန်၊ ဒိုင်အဖွဲ့များ စနစ်တကျဖွဲ့စည်းရေး၊ ကဏ္ဍအလိုက် ဆောင်ရွက်သွားမည့်လုပ်ငန်းများကို တာဝန်ရှိသူ များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ပါတယ်။

၂၀၂၅ ခုနှစ်၊ ကျောက်ဆည်မြို့ ဆင်အကအလှပြိုင်ပွဲကို ယခင်နှစ်များအတိုင်း သီတင်းကျွတ်လဆန်း ၁၄ ရက်တွင် မြို့မိ၊ မြို့ဖများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဆင်အကအဖွဲ့များ ပူးပေါင်း၍ ဂုဏ်ပြုဆင် ၂ စီး၊ ပြိုင်ပွဲဝင်မည့် ဘော်ကြယ်ဆင်၊ ရိုးရာဆင်၊ ကလေးဆင်၊ သဘာဝတီထွင်ဆန်းသစ်မှုဆင် ၁၃ စီး၊ မြို့မဈေးပတ်ဆင် ၅၁ စီးနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။