ပြည်ခိုင်ဖြိုးပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်နှင့် ပါတီဝင်များ၊ ပါတီဝန်းရံသူမျာတွေ့ဆုံဆွေးနွေး
ပြည်ခိုင်ဖြိုးပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်နှင့် ပါတီဝင်များ၊ ပါတီဝန်းရံသူမျာတွေ့ဆုံဆွေးနွေး
=====================
အောင်လံ စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီးအောင်လံခရိုင်၊အောင်လံမြိုနယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ရုံးခန်းမတွင် ဈေးကုန်းရပ်ကွက်မှ ပါတီ၀င်များ ၊ပါတီ၀န်းရံသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။
တွေ့ဆုံပွဲသို ဗဟိုပါတီတွဲဘက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ခရိုင်ပါတီဥက္ကဌ ဦးစန်းလွင်၊မြိုနယ်ပါတီအတွင်းရေးမှူးဦးစိုးမြင့် ၊မြိုနယ်ပါတီဘဏ္ဍာရေးမှူး ဦးကျော်သူရ၊ခရိုင်၊မြိုနယ် ပါတီကော်မတီ၀င်များ ၊ ဈေးကုန်းရပ်ကွက်မှပါတီ၀င်များ၊ပါတီ၀န်းရံသူ(၃၈၀)ဦးတက်ရောက်ခဲ့ပြီး မြိုနယ်ပါတီအလက်ရှိနိုင်ငံရေးအခြေအနေများ တွေ့ဆုံပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ရွေးကောက်ပွဲအခြေအနေများအား ရှင်းလင်းပြောကြားခြင်း၊ ခရိုင်ပါတီဥက္ကဌ ဦးစန်းလွင်မှ လက်ရှိနိုင်ငံရေးအခြေအနေများ၊တွေ့ဆုံပွဲကျင်းပရခြင်းအကြောင်းများ၊ရွေးကောက်ပွဲအခြေအနေများအားရှင်းလင်းပြောကြားခဲ့ပြီး၊ ဗဟိုပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ် မှ မိတ်ဆက်စကားပြောကြားခြင်း၊ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကာ နေ့လည် (၁၁.၄၅)နာရီတွင် တွေ့ဆုံပွဲ ပြီးဆုံးခဲ့ပါသည်။